အာဂျင်တီးနားတွင် ကက်သလစ်ဘုန်းတော်ကြီး၏ လိင်ပိုင်းဆိုင်ရာအလွဲပြုကျင့်မှု စတင်စစ်ဆေး

အာဂျင်တီးနားမြောက်ပိုင်း တရားရုံးတခုမှာ လူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအလွဲပြုကျင့်ခဲ့တဲ့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတပါးအား တရားခွင်စစ်ဆေးမှု စတင်ခဲ့ပါတယ်။
ယခု တရားရုံးအမှုက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်း ခရစ်ယာန်ကျောင်းတွေမှာ လိင်ရာဇဝတ်မှု စွပ်စွဲချက်တွေကို ထိထိရောက်ရောက် အရေးယူဖို့ စတင်အချက်ပြလိုက်တာပါ။
လက်ရှိပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အာဂျင်တီးနား ဗျူနိုအေးရိစ်မြို့ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးပြီး လက်တင်အမေရိကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူပါ။
ပုပ်ရဟန်းမင်းကြီးက လိင်ပိုင်ဆိုင်ရာ စွပ်စွဲခံနေရတဲ့ ခရစ်ယာန်ဘုန်းကြီးတွေကိုယ်စား အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီး သာသနာအတွင်း လိင်ပိုင်းဆိုင်ရာမဖွယ်ရာမှုတွေကို အပြတ်ရှင်းပစ်မယ်လို့ ကတိပြုထားတာပါ။
ယခု အာဂျင်တီးနားတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ဘုန်းတော်ကြီး ဂတ်စတာဗို ဇန်ချတ်တာဟာ သူထောင်ထားတဲ့ကျောင်းမှာ ကျမ်းစာသင် လူငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ အလွဲပြုကျင့်မှု၊ သာသနာ့ငွေ အလွဲသုံးမှု အမှု ၆ ခုကို ရင်ဆိုင်နေရတာပါ။