close

ကင်မ်အီဆွန်း

close

April 13, 2022

အကြီးစားအိမ်ရာစီမံကိန်း ဆောက်လုပ်ပြီးသည့်အခမ်းအနား မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းဟာ မြို့တော် ပြုံယမ်းက အကြီးစား အိမ်ရာစီမံကိန်း ဆောက်လုပ်ပြီးစီးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ အစိုးရရုပ်သံက ဧပြီ ၁၂ ရက်မှာ ထုတ်လွင့်ခဲ့ပါတယ်။

ကင်မ်ဟာ အဆောက်အဦတွေ အသစ်ဆောက်လုပ်ပြီးစီးတဲ့ အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာကို အစိုးရုပ်သံ KRT က ထုတ်လွှင့်ပြသပါတယ်။

အဲဒီနောက် ဧပြီ ၁၁ ရက်က ကျင်းပတဲ့ အခမ်းအနားအတွင်း မှန်ပြောင်းသုံး ရှုခင်းကြည့်နေတာကို မြင်ရပါတယ်။

အဆောက်အဦသစ်တွေကို ဒရုန်းယာဉ်သုံး ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ပြုံယမ်းမြို့တော် ဆောင်ဆင်းနဲ့ ဆောင်ဟွာအရပ်တွေမှာ အထပ် ၈၀ ပါတဲ့ မိုးမျှော်တိုက်တလုံးနဲ့ တိုက်ခန်းတသောင်း ဆောက်လုပ်ပြီးစီးတဲ့ အထိမ်းအမှတ်လို့လည်း KRT က ပြောပါတယ်။

ဒါဟာ ကင်မ်တယောက် ပါတီခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။

ကင်မ်အီဆွန်း၊ ကင်မ်ဂျုံအီးလ်နဲ့ ကင်မ်ဂျွန်အန်းတို့ သားအဖ မြေးအဖိုး ၃ ယောက်ဟာ တပါတီစနစ် ကျင့်သုံးတဲ့ မြောက်ကိုရီးယားနိုင်ငံကို သားစဉ်မြေးဆက် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

4 mins Ago

April 29, 2020

အဘိုးဖြစ်သူ၏ မွေးနေ့ပွဲ ကင်ဂျုံအန်း မတက်သည့်ကိစ္စ တောင်ကိုရီးယားဝန်ကြီး ခန့်မှန်းပြောဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို  စိုးရိမ်ပြီး အဘိုးဖြစ်သူ ကင်မ်အီဆွန်းရဲ့မွေးနေ့ နှစ်ပတ်လည် အခမ်းအနားကို မတက်ရောက်တာ ဖြစ်နိုင်တယ်လို့  တောင်ကိုရီးယားဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းရဲ့မွေးနေ့ နှစ်ပတ်လည်ကို ကင်ဂျုံအန်း  မတက်ရောက်တာက  ထူးဆန်းနေပြီး  အဲဒီကတည်းက မြောက်ကိုရီးယား ခေါင်းဆောင်ကို  အများပြည်သူ မြင်ကွင်းမှာ  မတွေ့မြင်ရတာပါ။  ဒါကြောင့် ခေါင်းဆောင်ကင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထင်ကြေးအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိဘူးလို့ အစိုးရက ပြောထားပေမယ့် ရောဂါတိုက်ဖျက်ရေး တင်းကျပ်တဲ့ အစီအမံတွေလုပ်ဆောင်နေပါတယ်။ နောက်ပြီး ကင်မ်အီဆွန်းရဲ့  မွေးနေ့နှစ်ပတ်လည်ကို မြောက်ကိုရီးယားခေါင်းဆောင် မတက်ရောက်တာတွေက ထူးခြားတယ်လို့ တောင်ကိုရီးယား နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဇန်နဝါရီလလယ်လောက်ကစလို့  အများမြင်ကွင်းကနေ ရက် ၂၀ နီးပါး ပျောက်ကွယ်ခဲ့တဲ့ဖြစ်ရပ် နှစ်ခုထက်မနည်းရှိတယ်လို့လည်း တောင်ကိုရီးယားဝန်ကြီး ကင်မ်ယောင်ချူးလ်က  ပြောပါတယ်။
2 years Ago
Up