အကြီးစားအိမ်ရာစီမံကိန်း ဆောက်လုပ်ပြီးသည့်အခမ်းအနား မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းဟာ မြို့တော် ပြုံယမ်းက အကြီးစား အိမ်ရာစီမံကိန်း ဆောက်လုပ်ပြီးစီးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ အစိုးရရုပ်သံက ဧပြီ ၁၂ ရက်မှာ ထုတ်လွင့်ခဲ့ပါတယ်။
ကင်မ်ဟာ အဆောက်အဦတွေ အသစ်ဆောက်လုပ်ပြီးစီးတဲ့ အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာကို အစိုးရုပ်သံ KRT က ထုတ်လွှင့်ပြသပါတယ်။
အဲဒီနောက် ဧပြီ ၁၁ ရက်က ကျင်းပတဲ့ အခမ်းအနားအတွင်း မှန်ပြောင်းသုံး ရှုခင်းကြည့်နေတာကို မြင်ရပါတယ်။
အဆောက်အဦသစ်တွေကို ဒရုန်းယာဉ်သုံး ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ပြုံယမ်းမြို့တော် ဆောင်ဆင်းနဲ့ ဆောင်ဟွာအရပ်တွေမှာ အထပ် ၈၀ ပါတဲ့ မိုးမျှော်တိုက်တလုံးနဲ့ တိုက်ခန်းတသောင်း ဆောက်လုပ်ပြီးစီးတဲ့ အထိမ်းအမှတ်လို့လည်း KRT က ပြောပါတယ်။
ဒါဟာ ကင်မ်တယောက် ပါတီခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။
ကင်မ်အီဆွန်း၊ ကင်မ်ဂျုံအီးလ်နဲ့ ကင်မ်ဂျွန်အန်းတို့ သားအဖ မြေးအဖိုး ၃ ယောက်ဟာ တပါတီစနစ် ကျင့်သုံးတဲ့ မြောက်ကိုရီးယားနိုင်ငံကို သားစဉ်မြေးဆက် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။