close

ကစားသမားဘဝ

close

November 4, 2022

ကစားသမားဘဝက အနားယူကြောင်း ဘာကာနောက်ခံလူ ပီကေးကြေညာ

ဘောလုံးကစားသမားဘဝနေ အနားယူတော့မှာဖြစ်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးကရုတ်တရက် ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ်ရှိ စပိန်နောက်ခံလူဟာ ဘာစီလိုနာမှာပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေပြီး ကွင်းပြင်ပမှာလည်း ဇနီးဖြစ်သူရှာကီရာနဲ့ လမ်းခွဲထားတာ လပိုင်းပဲရှိသေးတာပါ။

နိုဝင်ဘာ ၃ ရက်နေ့မှာတော့ လာမယ့်တစ်ပတ်ပွဲစဉ်ကစားအပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာသွားခဲ့တာပါ။

အရင်ကတည်းကပြောထားသလိုပဲ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရင် ဘယ်အသင်းကိုမှ ဆက်ပြီး ကစားတော့မှာမဟုတ်ကြောင်း၊ စနေနေ့မှာ ကစားမယ့် လာလီဂါပွဲစဉ်ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်းပီကေးကပြောပါတယ်။

အသင်းအတွက်ကစားခွင့်ရတဲ့ အချိန်မှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြောင်း၊ အမြဲတမ်း ဘာစီလိုနာအသင်းပရိသတ်အနေနဲ့ ဆက်လက်အားပေးနေမှာဖြစ်ကြောင်း ပီကေးက ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုတင်ပြီး နှုတ်ဆက် စကားဆိုခဲ့တာပါ။ 

သူဟာ ဘာစီလိုနာမှာ ၁၄ နှစ်ကြာကစားခဲ့ပြီး ဆုဖလား ၃၁ လုံးရယူနိုင်ခဲ့ပါတယ်။ မန်ယူမှာကစားစဉ်ကလည်း ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူလည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဆုဖလားတွေရယူနိုင်ခဲ့ပါသေးတယ်။ 

2 hours Ago

February 4, 2022

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ် ခြေသလုံးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရနိုင်

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အချိန်မတိုင်ခင် အနားယူရဖို့ ရှိနေပါတယ်။ 

အသက် ၃၅ နှစ်ရှိ စပိန်နောက်ခံလူဟာ အခုနှစ်နွေရာသီမှာ မက်ဒရစ်ကလပ်ကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ပဲရစ်ကလပ်အတွက် ၅ ပွဲပဲ ကစားခွင့်ရထားပါတယ်။ 

ပြင်သစ်သတင်းစာ လီပဲရစ်ဆင်ကတော့ ရာမို့စ်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာ စဉ်ဆက်မပြတ်ရရှိနေတာကြောင့် ပြန်ကောင်းလာဖို့ မလွယ်ကူတော့ကြောင်း ပြင်သစ်ဆရာဝန် တစ်ဦးကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ 

ရာမို့စ်ဟာ သူ့ရဲ့ ဘယ်၊ ညာ ခြေသလုံးတွေမှာ ကြွက်သားဒဏ်ရာတွေ မကြာခဏရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးပွဲစဉ်နဲ့ ယူရိုပွဲစဉ်တွေမှာလည်း အဲဒီဒဏ်ရာတွေကြောင့် နုတ်ထွက်ခဲ့ရဖူးပါတယ်။ 

လက်ရှိအချိန်မှာလည်း ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရနေတာကြောင့် ပြန်ကောင်းဖို့ မလွယ်တော့ဘဲ ကစားသမားဘဝကနေ အနားယူရတဲ့အထိ ဖြစ်နိုင်ကြောင်း ပြင်သစ်အသင်းဆရာဝန်ဟောင်း ဖာရက်က မှတ်ချက်ပေးထားပါတယ်။

9 months Ago
Up