close

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ် ခြေသလုံးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရနိုင်

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အချိန်မတိုင်ခင် အနားယူရဖို့ ရှိနေပါတယ်။ 

အသက် ၃၅ နှစ်ရှိ စပိန်နောက်ခံလူဟာ အခုနှစ်နွေရာသီမှာ မက်ဒရစ်ကလပ်ကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ပဲရစ်ကလပ်အတွက် ၅ ပွဲပဲ ကစားခွင့်ရထားပါတယ်။ 

ပြင်သစ်သတင်းစာ လီပဲရစ်ဆင်ကတော့ ရာမို့စ်ဟာ ခြေသလုံးကြွက်သား ဒဏ်ရာ စဉ်ဆက်မပြတ်ရရှိနေတာကြောင့် ပြန်ကောင်းလာဖို့ မလွယ်ကူတော့ကြောင်း ပြင်သစ်ဆရာဝန် တစ်ဦးကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ 

ရာမို့စ်ဟာ သူ့ရဲ့ ဘယ်၊ ညာ ခြေသလုံးတွေမှာ ကြွက်သားဒဏ်ရာတွေ မကြာခဏရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးပွဲစဉ်နဲ့ ယူရိုပွဲစဉ်တွေမှာလည်း အဲဒီဒဏ်ရာတွေကြောင့် နုတ်ထွက်ခဲ့ရဖူးပါတယ်။ 

လက်ရှိအချိန်မှာလည်း ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရနေတာကြောင့် ပြန်ကောင်းဖို့ မလွယ်တော့ဘဲ ကစားသမားဘဝကနေ အနားယူရတဲ့အထိ ဖြစ်နိုင်ကြောင်း ပြင်သစ်အသင်းဆရာဝန်ဟောင်း ဖာရက်က မှတ်ချက်ပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up