close

ကစားသမား ၅ ဦး

close

November 26, 2022

ဘရာဇီးအသင်းတွင် နေမာအပါအဝင် ကစားသမား ၅ ဦး လေ့ကျင့်ခန်း မဆင်းနိုင်

ဘရာဇီးအသင်းဟာ မနေ့ကပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ တိုက်စစ်မှူးနေမာ အပါအဝင် ကစားသမား ၅ ဦးလောက် လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ 

ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူးနေမာနဲ့ နောက်ခံလူ ဒယ်နီလိုတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြတာပါ။ နေမာရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်မှုရှိလို့ ရှုံးထွက်အဆင့်ရောက်မှ ပွဲထွက်နိုင်မယ်လို့ဆိုကြပါတယ်။

မနေ့ကပြန်လုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာတော့ တောင်ပံတိုက်စစ်မှူး အန်တိုနီက ဖျားနာနေလို့ မပါဝင်နိုင်ခဲ့သလို ဒယ်နီလို၊ အလစ်ဆန်နဲ့ ပါကေတာ တို့ဟာလည်း ပျက်ကွက်ခဲ့တယ်လို့ The Sun သတင်းမှာဖော်ပြပါတယ်။

ဘရာဇီးအသင်းဟာ တနင်္လာနေ့မှာ ဆွစ်ဇာလန်နဲ့ ကစားသွားရမှာပါ။ နည်းပြတက်တေ အနေနဲ့ နေမာရဲ့နေရာမှာ ရိုဒရိုင်ဂို သို့မဟုတ် ဂါဘရီယယ်ဂျေဇူးကို အစားထိုးအသုံးပြုသွားဖို့ရှိပါတယ်။ 

31 mins Ago

September 9, 2020

PFA အကောင်းဆုံးအသင်းတွင် လီဗာပူး ကစားသမား ၅ ဦးအထိ ပါဝင်

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံး PFA ကနေ ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးအသင်းမှာ ချန်ပီယံ လီဗာပူးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်လာခဲ့ပါတယ်။ PFAရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ကစားသမားတွေတော့ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။  ဂိုးသမားနေရာမှာ ဘန်လေက နစ်ပုပ်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း ၄ ဦး နေရာမှာ လီဗာပူး နောက်ခံလူတွေဖြစ်တဲ့ အာနိုးလ်၊ ဗန်ဒိုက်နဲ့ ရော်ဘက်ဆန်၊ လက်စတာက ဆိုယန်ကူတို့ ပါဝင်ခဲ့ပါတယ်။  ကွင်းလယ်မှာ မန်စီးတီးက ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်း၊ လစ်ဗာပူးက ဟန်ဒါဆန်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ တိုက်စစ် ၃ ယောက်တန်းမှာ လက်စတာက ဂျေမီဗာဒီ၊ အာဆင်နယ်က အူဘာမီယန်းနဲ့ လစ်ဗာပူးက မာနေးတို့ ပါဝင်ခဲ့ပါတယ်။ အသင်းလိုက်အနေနဲ့ လီဗာပူးက ၅ ဦး၊ မန်စီးတီးနဲ့ လက်စတာအသင်းတွေက ၂ ဦးစီ၊ ဘန်လေနဲ့ အာဆင်နယ်အသင်းတွေက ၁ ဦးစီ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
2 years Ago
Up