ဘရာဇီးအသင်းတွင် နေမာအပါအဝင် ကစားသမား ၅ ဦး လေ့ကျင့်ခန်း မဆင်းနိုင်

ဘရာဇီးအသင်းဟာ မနေ့ကပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ တိုက်စစ်မှူးနေမာ အပါအဝင် ကစားသမား ၅ ဦးလောက် လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။
ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူးနေမာနဲ့ နောက်ခံလူ ဒယ်နီလိုတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြတာပါ။ နေမာရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်မှုရှိလို့ ရှုံးထွက်အဆင့်ရောက်မှ ပွဲထွက်နိုင်မယ်လို့ဆိုကြပါတယ်။
မနေ့ကပြန်လုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာတော့ တောင်ပံတိုက်စစ်မှူး အန်တိုနီက ဖျားနာနေလို့ မပါဝင်နိုင်ခဲ့သလို ဒယ်နီလို၊ အလစ်ဆန်နဲ့ ပါကေတာ တို့ဟာလည်း ပျက်ကွက်ခဲ့တယ်လို့ The Sun သတင်းမှာဖော်ပြပါတယ်။
ဘရာဇီးအသင်းဟာ တနင်္လာနေ့မှာ ဆွစ်ဇာလန်နဲ့ ကစားသွားရမှာပါ။ နည်းပြတက်တေ အနေနဲ့ နေမာရဲ့နေရာမှာ ရိုဒရိုင်ဂို သို့မဟုတ် ဂါဘရီယယ်ဂျေဇူးကို အစားထိုးအသုံးပြုသွားဖို့ရှိပါတယ်။