close

ကစားသမား ၆ ဦး

close

October 30, 2022

ကစားသမား ၆ ဦးအထိ လူစားလဲခွင့်ရအသင်းအဖြစ် နယူးကာဆယ်မှတ်တမ်းဝင်

နယူးကာဆယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ကစားသမား ၆ ယောက်အထိ လူစားလဲခွင့်ရခဲ့ပါတယ်။

နယူးကာဆယ်အသင်းက ဗီလာအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲချိန် ၇၁ မိနစ်မှာ ၂ ယောက် ၊ ပွဲချိန် ၈၃ မိနစ်နဲ့ ၈၆ မိနစ်တွေမှာလည်း ၂‌ ယောက်စီ လူစားလဲခဲ့တာကြောင့် ကစားသမားစုစုပေါင်း ၆ ယောက်အထိလူစားလဲအသုံးပြုခဲ့တာပါ။

ပရီးမီးယားလိဂ်စည်းမျဉ်းသစ်အရ ကစားသမား ၅ ယောက်သာ လူစားလဲခွင့်ရှိပေမယ့် တစ်ဦးပိုပြီး လူစားလဲခွင့်ရတာက ပထမပိုင်းတုန်းက ဗီလာ ဂိုးသမားမာတီနက်ဇ်က ဦးခေါင်းဒဏ်ရာကြောင့် လူစားလဲခဲ့ရလို့ဖြစ်ပါတယ်။

အခုနှစ်ရာသီ စတင်ကျင့်သုံးလိုက်တဲ့စည်းမျဉ်းသစ်အရ အသင်းတစ်သင်းရှိ ကစားသမားတယောက်ဟာ ဦးခေါင်းဒဏ်ရာကြောင့် လူစားလဲခဲ့ရမယ်ဆိုရင် လူစားလဲမှု တယောက်ပိုပြီးလဲလှယ်ခွင့်ရှိပါတယ်။

နယူးကာဆယ်အသင်းဟာ အဲဒီစည်းမျဉ်းသစ်ကိုအသုံးချပြီး ကစားသမား ၆ ယောက်အထိ လဲလှယ်ခဲ့တာဖြစ်ကာ ပထမဆုံးအသုံးပြုတဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်္ဂလန်အက်ဖ်အေဟာ အဲဒီစည်းမျဉ်းကို အခုနှစ်ရာသီအတွက်ပဲ အသုံးပြုခွင့်ပေးထားတာဖြစ်ပေမဲ့ လာမယ့်ရာသီတွေအထိ ဆက်လက်သက်တမ်းတိုးခွင့်ပြုဖို့ရှိပါတယ်။ 

5 mins Ago

April 19, 2022

မြေတောင်မြှောက်ပေးခဲ့သည့် ကစားသမား ၆ ဦး လီဗာပူးတွင်ရှိနေသဖြင့် နည်းပြရန်းနစ်ခ်ဂုဏ်ယူ

အသင်းဟောင်းတွေမှာ မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမား ၆ ဦး လီဗာပူးအသင်းမှာ ကစားနေတဲ့အပေါ် မန်ယူနည်းပြ ရန်းနစ်ခ်က ဂုဏ်ယူကျေနပ်နေပါတယ်။ 

ဂျာမန်နည်းပြကြီး ရက်ဖ်ရင်းနစ်ဟာ  ဟော့ဖန်ဟိမ်း၊ ရှော်ကေး၊ လိုက်ဇစ်နဲ့ ဆဲလ်ဘက်အသင်းတွေမှာ နည်းပြနဲ့ အားကစားဒါရိုက်တာ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ 

အဲဒီကလပ်တွေက သူမြေတောင်မြှောက်ပေးပြီး ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့ ကစားသမား၆ ဦးဟာ လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းမှာ ကစားနေပါတယ်။ 

နည်းပြ ရန်းနစ်ခ်ဟာ တိုက်စစ်မှူး ဖေမီနိုကို ဟော့ဖန်ဟိမ်းအသင်းမှာ ပွဲကစားခွင့်ပေးခဲ့သလို နောက်ခံလူ မာတစ်ကို ရှော်ကေးအသင်းမှာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ အလားတူ တိုက်စစ်မှူးမာနေး၊ နောက်ခံလူ ကိုနိတ်၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ နာဘီကီတာနဲ့ မီနာမီနိုတို့ ကိုလည်း ဆဲလ်ဘက်အသင်းမှာ ပွဲထွက်ခွင့်တွေပေးခဲ့ပြီး အရောင်တင်ပေးခဲ့တာပါ။ 

လီဗာပူးအသင်းလို့ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းမှာ သူ့ရဲ့ ကစားသမားဟောင်း ၆ ဦး ရှိနေတာဟာ တိုက်ဆိုင်မှု သက်သက်မဟုတ်ဘဲ နည်းပြကလော့ပ်နဲ့ ဘောလုံးဒနဿချင်း တူညီမှုကြောင့်ဖြစ်တယ်လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ ဧပြီ ၂ဝ ရက် မနက် ၁ နာရီခွဲ လီဗာပူးနဲ့ အမ်ဖီးလ်ကွင်းမှာသွားရောက် ကစားရမှာဖြစ်ပါတယ်။ 

6 months Ago
Up