မန်ယူကွင်းလယ်လူသစ် ကတ်စမီရိုရဲ့ဘောလုံးပေးပို့နိုင်မှုစွမ်းရည်ကို အံ့အားသင့်မိကြောင်း ကစားသမားဟောင်း ပေါ်လ်စခိုးစ်က ချီးကျူးပြောပါတယ်။
ကတ်စမီရိုဟာ မော်ဒိုဗာကလပ်အသင်း ရှရစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒုတိယပိုင်းရောက်မှာ တွန်မီနေးနေရာမှာ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။
ကတ်စမီရိုဟာ ရီးရဲလ်မက်ဒရစ်မှာတုန်းက တိုနီခရူးစ်နဲ့ မိုဒရစ်တို့လို ဘောလုံးပေးပို့နိုင်သူတွေ ရှိလို့ ဘောလုံးလုယူနိုင်ရုံပဲကစားရပေမယ့် မန်ယူအသင်းမှာတော့ တိုက်စစ်ဆီကို ဘောလုံးပေးပို့မှုတွေ လုပ်နိုင်ခဲ့ကြောင်း ပေါလ်စခိုးလ်က ပြောပါတယ်။
“သူ့ရဲ့တိုက်စစ်ကိုပေးပို့မှုတွေနဲ့ ပေးပို့နိုင်စွမ်းတွေက ကျနော့်ကို နည်းနည်းတော့ အံ့အားသင့်စေတယ်။ သူကဘောလုံး လုယူနိုင်အောင်ပဲ အဓိက ကစားပေးတဲ့သူလို့ထင်ခဲ့တယ်” လို့ ပေါလ်စခိုးလ်ကပြောပါတယ်။
ကတ်စမီရိုအနေနဲ့ ဘောလုံးပေးပို့မှုတွေ ပိုလုပ်နိုင်လာပေမယ့် တွန်မီနေးရဲ့ ပွဲထွက်နေရာကို လုယူနိုင်ဖို့တော့အချိန်ယူရနိုင်သေးတယ်လို့ ပေါလ်စခိုးစ်က သုံးသပ်သွားခဲ့ပါတယ်။
အင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူကြောင်း မန်ယူကွင်းလယ်လူသစ် ကတ်စမီရိုက ပြောပါတယ်။
အသက် ၃၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ကတ်စမီရိုဟာ ရီးယဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ကတ်စမီရိုက ပြောခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ ဆုဖလားအရေအတွက် အများဆုံးရရှိထားတဲ့အသင်းဖြစ်လို့ အင်္ဂလန်မှာ အကြီးမားဆုံးကလပ်ဖြစ်ပြီး အသင်းပြောင်းရွှေ့လာရလို့ ဂုဏ်ယူကျေနပ်မိကြောင်း၊ အသင်းနဲ့အတူ ပွဲစတင်ကစားဖို့ မစောင့်နိုင်တော့ကြောင်း ကတ်စမီရိုက ပြောပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဆာအိုပေါ်လိုယူ ၁၅ အသင်းနဲ့ မန်ယူအသင်းမှာ ပြိုင်ပွဲလာကစားခဲ့ဖူးတယ်လို့ ပြောပါတယ်။
ဘရာဇီးအသင်းဖော် ဖရက်ဒ်အပြင် ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ဗာရန်း၊ စီရာ်နယ်ဒိုနဲ့ ပြန်လည်တွဲဖက် ကစားရမယ့်အပေါ်မှာလည်း ပျော်ရွှင်မိကြောင်း ကတ်စမီရိုက ပြောသွားပါတယ်။