close

အင်္ဂလန်၏ အကြီးမားဆုံးအသင်းဆီ ပြောင်းရွှေ့ခွင့်ရသဖြင့် ဂုဏ်ယူကြောင်း ကတ်စမီရိုပြော

အင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူကြောင်း မန်ယူကွင်းလယ်လူသစ် ကတ်စမီရိုက ပြောပါတယ်။

အသက် ၃၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ကတ်စမီရိုဟာ ရီးယဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ  ကတ်စမီရိုက ပြောခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ဆုဖလားအရေအတွက် အများဆုံးရရှိထားတဲ့အသင်းဖြစ်လို့ အင်္ဂလန်မှာ အကြီးမားဆုံးကလပ်ဖြစ်ပြီး အသင်းပြောင်းရွှေ့လာရလို့ ဂုဏ်ယူကျေနပ်မိကြောင်း၊ အသင်းနဲ့အတူ ပွဲစတင်ကစားဖို့ မစောင့်နိုင်တော့ကြောင်း ကတ်စမီရိုက ပြောပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဆာအိုပေါ်လိုယူ ၁၅ အသင်းနဲ့ မန်ယူအသင်းမှာ ပြိုင်ပွဲလာကစားခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဘရာဇီးအသင်းဖော် ဖရက်ဒ်အပြင် ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ဗာရန်း၊ စီရာ်နယ်ဒိုနဲ့ ပြန်လည်တွဲဖက် ကစားရမယ့်အပေါ်မှာလည်း ပျော်ရွှင်မိကြောင်း ကတ်စမီရိုက ပြောသွားပါတယ်။

//
Up