ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးဟာ ရာသီဥတုပြောင်းလဲမှုအပေါ် အာရုံစိုက်တဲ့ APEC အစည်းအဝေးတွေ မတိုင်မီ နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ရာသီဥတုပြောင်းလဲမှုကို အဓိကထားလုပ်ဆောင်တဲ့အတွက် ချီးကျူးပါတယ်၊ ဒီနေရာလေးမှာ ရှိနေခွင့်ရလို့ နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့၊ အလုပ်အကိုင် တွေနဲ့ အခွင့်အလမ်းကောင်းတွေ တည်ဆောက်ဖို့ ခင်ဗျားနဲ့ ဖလှယ်ခွင့်ရတဲ့အတွက် အရမ်းပဲ ကျေနပ်မိပါတယ်”လို့ ထိုင်းအစိုးရအိမ်တော်မှာကျင်းပတဲ့ နှစ်နိုင်ငံတွေ့ဆုံပွဲအတွင်း ထရူးဒိုး က ပြောပါတယ်။
ထရူဒူဟာ BCG (Bio- Circular- Green) စီးပွားရေးမော်ဒယ်အောက်မှာ သဘာဝ ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ စီးးပွားရေးတည်ဆောက်မှုအပေါ် အများကြီး အလေးပေး ဆောင်ရွက်မယ့် APEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မှာပါ။ဒီအစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက်ကစပြီး ၂ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမပြေလည်မှုတွေအတွက် ရုရှားရဲ့ တာဝန်ကို ရေရေလည်လည် ရှင်းရှင်းလင်းလင်း ပြောဆိုတာဟာ လာမယ့် G20 ထိပ်သီးအစည်းအဝေးရဲ့ အာရုံစူးစိုက်မှု တစ်ခုဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ထိပ်သီးနိုင်ငံ ၂၀ အဖွဲ့ G20 ထဲက နိုင်ငံတွေအားလုံးဟာ နိုင်ငံသား တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ရုရှားရဲ့တာဝန်ကို နားလည်တာ သေချာစေဖို့ အာရုံစူးစိုက်မှုက အလွန်အရေးကြီးတယ်လို့ ထရူးဒိုးက အာဆီယံ ခေါင်းဆောင်များ ညီလာခံမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးခေါင်းဆောင် နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးနေကြချိန်မှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။