ကနေဒါဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်၌ တွေ့ဆုံ

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးဟာ ရာသီဥတုပြောင်းလဲမှုအပေါ် အာရုံစိုက်တဲ့ APEC အစည်းအဝေးတွေ မတိုင်မီ နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ရာသီဥတုပြောင်းလဲမှုကို အဓိကထားလုပ်ဆောင်တဲ့အတွက် ချီးကျူးပါတယ်၊ ဒီနေရာလေးမှာ ရှိနေခွင့်ရလို့ နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့၊ အလုပ်အကိုင် တွေနဲ့ အခွင့်အလမ်းကောင်းတွေ တည်ဆောက်ဖို့ ခင်ဗျားနဲ့ ဖလှယ်ခွင့်ရတဲ့အတွက် အရမ်းပဲ ကျေနပ်မိပါတယ်”လို့ ထိုင်းအစိုးရအိမ်တော်မှာကျင်းပတဲ့ နှစ်နိုင်ငံတွေ့ဆုံပွဲအတွင်း ထရူးဒိုး က ပြောပါတယ်။
ထရူဒူဟာ BCG (Bio- Circular- Green) စီးပွားရေးမော်ဒယ်အောက်မှာ သဘာဝ ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ စီးးပွားရေးတည်ဆောက်မှုအပေါ် အများကြီး အလေးပေး ဆောင်ရွက်မယ့် APEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မှာပါ။ဒီအစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက်ကစပြီး ၂ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။