သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ နှစ်ပေါင်း ၁၀၀ အတွင်း တကြိမ်လို့ ပြောရလောက်အောင် လက်ရှိ ရေကြီးနေတဲ့ ကပ်ဘေးကြောင့် လူရာပေါင်းများစွာကို နေရပ်ကနေ ကယ်ဆယ်ခဲ့ရတယ်လို့ ဇန်နဝါရီ ၈ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
အနောက်သြစတြေးလျပြည်နယ်က ကင်မ်ဘာလေဒေသမှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟောင်း အယ်လ်လီရဲ့ ပြင်းထန်တဲ့ ရာသီဥတု စနစ်ကြောင့် ပြီးခဲ့တဲ့အပတ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ရာကနေ အခုလိုရေကြီးမှု ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါ။
“တချို့နေရာတွေမှာဆိုရင် ရေတွေက မျက်စိတဆုံးပဲ၊ ဒီသက်ရောက်မှုတွေက ပုံစံမျိုးစုံနဲ့ အများကြီးဖြစ်နိုင်ပေမယ့် အခုလက်ရှိမြေပြင်မှာရှိနေတဲ့ ရေအတိုင်းအတာကို ကြည့်တာနဲ့တင် ဒါဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးကော်မရှင်နာ မင်းကြီး ဒဲရန်း ကလမ်းမ်က ပြောခဲ့ပါတယ်။
လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိတဲ့ ဖစ်ဇ်ရွိုင်း ခရော့စ်ဆင်းမြို့လေးဟာ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ နေရာတွေထဲက တခုပါ။
အဲဒီမြို့မှာ လမ်းတွေပေါ် ရေကြီးနေတာကြောင့် အကူအညီအထောက် အပံ့တွေကို လေကြောင်း က တဆင့် ပို့ဆောင်ပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ်အသင်းတသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပေါင် ၁၀၇ ဒသမ ၃ သန်း အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ ရာသီမှာ အိမ်ကွင်းပွဲစဉ် ၃၁ ပွဲ ယှဉ်ပြိုင်တဲ့ထဲက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပရိသတ်ရှေ့မှောက်မှာ ကစားရတဲ့ပွဲ ၂ ပွဲပဲ ရှိခဲ့လို့လည်း ဝင်ငွေများစွာ လျော့ကျခဲ့တယ်လို့င သိရပါတယ်။
ဒါပေမဲ့ ဒီ့မတိုင်ခင်နှစ်က အရှုံးပေါ်ခဲ့တဲ့ ငွေကြေးပမာဏထက် ပေါင်သန်း ၅၀ ဝန်းကျင် လျော့နည်းသွားခဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းက ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လစာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း လျှော့ယူထားခဲ့ရပါတယ်။