အာဆင်နယ်အသင်း ပေါင် ၁၀၇ သန်းကျော် အရှုံးပေါ်

ပရီးမီးယားလိဂ်အသင်းတသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပေါင် ၁၀၇ ဒသမ ၃ သန်း အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၀-၂၁ ရာသီမှာ အိမ်ကွင်းပွဲစဉ် ၃၁ ပွဲ ယှဉ်ပြိုင်တဲ့ထဲက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပရိသတ်ရှေ့မှောက်မှာ ကစားရတဲ့ပွဲ ၂ ပွဲပဲ ရှိခဲ့လို့လည်း ဝင်ငွေများစွာ လျော့ကျခဲ့တယ်လို့င သိရပါတယ်။
ဒါပေမဲ့ ဒီ့မတိုင်ခင်နှစ်က အရှုံးပေါ်ခဲ့တဲ့ ငွေကြေးပမာဏထက် ပေါင်သန်း ၅၀ ဝန်းကျင် လျော့နည်းသွားခဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းက ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လစာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း လျှော့ယူထားခဲ့ရပါတယ်။