close

ကမ္ဘာတဝန်း

close

July 12, 2022

ကမ္ဘာတဝန်း အိုမီခရွန်မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးလာ

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ဖြစ်တဲ့ အိုမီခရွန် BA.5 မကြာသေးမီက ပေါ်ပေါက်လာချိန်မှာ ကမ္ဘာတဝန်း အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်ခံနေရသူ လူဦးရေတိုးလာနေပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အိန္ဒိယနဲ့ ဘရာဇီးတို့က အမေရိကန်ရဲ့ နောက်မှာ ဆက်တိုက် ရှိနေပါတယ်။

ဇူလိုင် ၁၁ ရက် နှောင်းပိုင်းအထိ အမေရိကန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈၈ ဒသမ ၆ သန်းနီးပါး မှတ်တမ်းတင်ထားပြီး သေဆုံးသူ ၁ ဒသမ ၀၂ သန်းကျော်ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် စနစ်များသိပ္ပံနဲ့ အင်ဂျင်နီယာဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၅၉၄ သန်းနီးပါး ထိုးနှံပေးခဲ့ပြီးဖြစ်ပေမဲ့ အလွန်ကူးစက်တတ်တဲ့ BA.4 နဲ့ BA.5 အိုမီခရွန် မျိုးကွဲတွေဟာ ခုချိန်မှာ အမေရိကန်ရဲ့ အဓိကခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။ 

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ အသစ် ၁၈,၂၅၇ ဦးအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း အရေအတွက်မှာ ၄၃ ဒသမ ၆သန်းကျော် အထိ ရှိခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင် ဇူလိုင် ၉ ရက် မနက်ပိုင်းက စပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄၂ ဦးအထိ ရှိလာခဲ့လို့ စုစုပေါင်း သေဆုံးသူဦးရေ ၅၂၅၄၂၈ ဦးဖြစ်လာပါတယ်။ 

ဗီယက်နမ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၄၆၅ ဦးကို ဇူလိုင် ၁၀ ရက်မှာ မှတ်တမ်းတင်ခဲ့ပြီး တနှစ်တာအတွင်း အနိမ့်ဆုံး တရက်အတွင်း ကူးစက်ခံဦးရေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ၁၀ ဒသမ ၇၅သန်းရှိပြီး သေဆုံးသူ ၄၃,၀၈၉ ယောက် ရှိခဲ့တာပါ။

တနိုင်ငံလုံး ရောဂါကူးစက်ခံဦးရေရဲ့ ၉၁ ရာခိုင်နှုန်းနီးပါးဟာ အခု နေပြန်ကောင်းလာပြီလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ 

စင်္ကာပူမှာ ဇူလိုင် ၁၀ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆,၄၂၃ ဦး ထပ်တွေ့ခဲ့လို့ စုစုပေါင်း ကူးစက်ခံ ဦးရေမှာ ၁ ဒသမ ၅ သန်း ကျော် ရှိခဲ့ပါတယ်။

လက်ရှိမှာ ကူးစက်ခံ စုစုပေါင်း ၆၆၈ ဦးကို ဆေးရုံတွေမှာ ထားပြီး အထူးကြပ်မတ်ကုသဆောင်မှာ လူနာ ၁၈ ယောက် ရှိနေပါတယ်။

ဇူလိုင် ၁၀ ရက်မှာ ကိုဗစ်-၁၉  ကြောင့် သေဆုံးသူ ၄  ဦးရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ၁၄၃၂  ဦး ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

7 mins Ago

May 24, 2022

ကမ္ဘာတဝန်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာ

ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာတဲ့ထဲက မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘာကီနာဖာဆို၊ ကွန်ဂို၊ အီသီယိုးပီးယားနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရသူဟာ ၂ဝ၂၁ နှစ်ကုန်ပိုင်းအထိ သန်း ၉ဝ အထိရှိခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး  (UNHCR) က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။   

ပဋိပက္ခတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ အောက်ကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့သူ အရေအတွက်ဟာ ပထမဆုံးအကြိမ် စံချိန်တင် သန်း ၁ဝဝ ကျော်သွားတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။   

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ဒုက္ခသည်အသစ် ၅၉၀,၁၀၀ အထိ တိုးလာပြီး အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ပေါင်းရင် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၉၃၆,၇၀၀ ကျော်ရှိနေပါတယ်။  

သန်း ၁ဝဝ ကျော်လာတဲ့ ကမ္ဘာတဝန်း ဒုက္ခသည်အရေအတွက်ကိုကြည့်ရင် ထိတ်လန့်စရာကောင်းပြီး၊ ပဋိပက္ခတွေအဆုံးသတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂကက ဆိုထားပါတယ်။  

ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ထဲက  ၂ဝ၂၂ ခုနှစ်ဆန်းပိုင်းက စခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူက ၁၄ သန်း ရှိပါတယ်။

2 months Ago
Up