close

ကမ္ဘာ့ဖလားပွဲ

close

March 23, 2023

ကမ္ဘာ့ဖလားပွဲအပြီး နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူရန် စဉ်းစားခဲ့ဟု စီရော်နယ်ဒိုပြော

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့စဉ်းစားခဲ့သေးကြောင်း ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကပြောပါတယ်။

ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ  ကာတာကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ရော်နယ်ဒိုကတော့ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ လူစားဝင် ကစားခွင့်သာရခဲ့တာပါ။

ကမ္ဘာ့ဖလားအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့အတွက် မိသားစုနဲ့အတူ စဉ်းစားခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့ပြီး အဲဒီအတွက်ကျေနပ်ပျော်ရွှင်ရကြောင်း ရော်နယ်ဒိုကပြောပါတယ်။

“နည်းပြရောဘတ်တို မာတီနက်ဇ်က ကျနော့်ကိုအသင်းမှာ ဆက်ပြီးရွေးချယ်ခဲ့တယ်။ ကျနော်ဟာ အသင်းအတွက် အမြဲတမ်းကစားချင်ခဲ့ပါတယ်။ နည်းပြက ကျနော်အပါအဝင်အားလုံးနဲ့ဆွေးနွေးခဲ့ပြီး ကျနော့်အနေနဲ့လည်း နိုင်ငံအတွက်အများကြီး ပေးဆပ်ဖို့လိုတယ်ဆိုတာ သိမြင်လာပါတယ်။ ကျနော့်ဆန္ဒက ပေါ်တူဂီကို အမြင့်မားဆုံးအဆင့်ကို တွန်းတင်ပေးဖို့ပါပဲ။ အသင်းက ကျနော့်ကိုလိုအပ်လာတိုင်း ကောင်းဆုံးပေးဆပ်သွားပါမယ်”လို့ ရော်နယ်ဒိုကပြောပါတယ်။

ရော်နယ်ဒိုဟာ မတ်လ ၂၄ ရက်မှာကစားမဲ့ လက်ချင်စတိန်းနဲ့ပွဲမှာ ကစားခွင့်ရမယ်ဆိုရင် ပေါ်တူဂီအတွက် ၁၉၇ ပွဲမြောက်ဖြစ်ပြီး သမိုင်းတစ်လျှောက်ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

10 mins Ago

November 8, 2022

ဒဏ်ရာရ ပြင်သစ်နောက်ခံလူ ဗာရန်း ကမ္ဘာ့ဖလားပွဲအမီ ပြန်ကောင်းလာနိုင်

ဒဏ်ရာကြောင့်အနားယူနေရတဲ့ ပြင်သစ်နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ ကမ္ဘာ့ဖလားအမီ ပြန် လည်ကောင်းမွန်လာနိုင်တယ်လို့သိရပါတယ်။

မန်ယူနောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့လပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကို လွဲချော်မယ်လို့ သတ်မှတ်ခဲ့ကြတာပါ။

လက်ရှိအခြေအနေအရ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို ပြင်သစ်အသင်းရဲ့ဆေးဌာနမှာ ကုသမှု ပြုလုပ်နေပြီး ကမ္ဘာ့ဖလားအမီပြန်ကောင်းလာနိုင်ခြေရှိနေတယ်လို့သိရပါတယ်။

ဒီအခြေအနေဟာ ပြင်သစ်နည်းပြ ဒစ်ရှန့်အတွက် သတင်းကောင်းဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအတွက် ၂၆ ဦးလူစာရင်းမှာ ထည့်သွင်းသွားဖို့ရှိနေတယ်လို့သိရပါတယ်။

ပြင်သစ်ခံစစ်ပိုင်းမှာ ဆာလီဘာ၊ အူပါမီကာနို၊ ဘက်ဒီယက်ရှီ တို့က ပြိုင်ပွဲကြီးအတွေ့အကြုံမ ရှိသေးတာကြောင့် ဝါရင့်နောက်ခံလူ ဗာရန်းကို ခေါ်ဆောင်သွားဖို့ နည်းပြဒစ်ရှန့်က ဆန္ဒရှိနေတာဖြစ်ပါတယ်။

5 months Ago
Up