ဒဏ်ရာရ ပြင်သစ်နောက်ခံလူ ဗာရန်း ကမ္ဘာ့ဖလားပွဲအမီ ပြန်ကောင်းလာနိုင်

ဒဏ်ရာကြောင့်အနားယူနေရတဲ့ ပြင်သစ်နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ ကမ္ဘာ့ဖလားအမီ ပြန် လည်ကောင်းမွန်လာနိုင်တယ်လို့သိရပါတယ်။
မန်ယူနောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့လပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကို လွဲချော်မယ်လို့ သတ်မှတ်ခဲ့ကြတာပါ။
လက်ရှိအခြေအနေအရ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို ပြင်သစ်အသင်းရဲ့ဆေးဌာနမှာ ကုသမှု ပြုလုပ်နေပြီး ကမ္ဘာ့ဖလားအမီပြန်ကောင်းလာနိုင်ခြေရှိနေတယ်လို့သိရပါတယ်။
ဒီအခြေအနေဟာ ပြင်သစ်နည်းပြ ဒစ်ရှန့်အတွက် သတင်းကောင်းဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအတွက် ၂၆ ဦးလူစာရင်းမှာ ထည့်သွင်းသွားဖို့ရှိနေတယ်လို့သိရပါတယ်။
ပြင်သစ်ခံစစ်ပိုင်းမှာ ဆာလီဘာ၊ အူပါမီကာနို၊ ဘက်ဒီယက်ရှီ တို့က ပြိုင်ပွဲကြီးအတွေ့အကြုံမ ရှိသေးတာကြောင့် ဝါရင့်နောက်ခံလူ ဗာရန်းကို ခေါ်ဆောင်သွားဖို့ နည်းပြဒစ်ရှန့်က ဆန္ဒရှိနေတာဖြစ်ပါတယ်။