close

ကမ္ဘာ့အဆင့်

close

June 26, 2021

ကမ္ဘာ့အဆင့် တိုက်စစ်မှူးအဖြစ် မသတ်မှတ်ခံရခြင်းအပေါ် လူကာကူ မကျေနပ်

ဟာရီကိန်းနဲ့ လီဝန်ဒေါစကီးတို့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံရခြင်း မရှိ တဲ့အပေါ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက မကျေမနပ်ဖြစ်နေပါတယ်။

ဘယ်လ်ဂျီယံဟာ ယူရိုရှုံးထွက်အဆင့်မှာ ပေါ်တူဂီနဲ့ထိပ်တိုက်တွေ့ဆုံနေတာပါ။ 

သူ့အနေနဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူး တစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်တယ်လို့ လူကာကူက ပြောပါတယ်။ 

လူကာကူက လူတွေက ဟာရီကိန်း၊ လီဝမ်ဒေါစကီးနဲ့ ဘင်ဇီမာတို့အကြောင်းတွေကို ပြောလေ့ရှိပြီး ကမ္ဘာ့အဆင့် ကြေးစားသမားတွေ့လို့ သတ်မှတ်ပါတယ်။      

“ကျွန်တော့်ရဲ့ခြေစွမ်းကိုကျတော့ ပုံစံကောင်းရတယ်လို့ အမြဲပြောကြပါတယ်။ ကျနော်ဟာ ပုံစံကောင်းတစ်ခုထက်ပိုတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပြသခဲ့ပြီးပါပြီ” လို့ လူကာက ပြောပါတယ်။ 

လူကာကူဟာ ဘယ်လ်ဂျီယံအတွက် နောက်ဆုံး ၂၁ ပွဲမှာ ၂၃ ဂိုးအထိသွင်းယူထားပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှုးအဖြစ် သက်သေပြဖို့  ယူရိုချန်ပီယံဆုဖလားကို ရယူသွားချင်တယ်လို့ လည်း လူကာကူက ပြောပါတယ်။ 

17 mins Ago

December 17, 2020

ကမ္ဘာ့အဆင့်စားသောက်ကုန်သစ်ထုတ်ရန် မြောက်ကိုရီးယား စီစဉ်

မြောက်ကိုရီးယား စားသောက်ကုန်စက်ရုံဟာ ကမ္ဘာ့အဆင့် စားသောက်ကုန်အသစ်တွေ ထုတ်လုပ်ဖို့ အကြီးစား စီးပွားရေးဗျူဟာ ချမှတ်ထားတယ်လို့ အစိုးရမီဒီယာ KCNA က ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်လွှင့်ပါတယ်။ ပြုံယမ်းမြို့တော်က ဆွန်းဟောင် စားသောက်ကုန်စက်ရုံမှာ စားသောက်ကုန် အမျိုးမျိုးကို ထုတ်လုပ် ထုပ်ပိုး နေပုံနဲ့ စက်ရုံ ဆိုင်ခန်းမှာ ကုန်စည်တွေကို ဖောက်သည်တွေက ဝယ်နေပုံ တို့ကို ပြထားတဲ့ ရုပ်သံကို KCNA က ရိုက်ကူးပြသထားပါတယ်။  ဒီရုပ်သံကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ စက်ရုံအင်ဂျင်နီယာချုပ် ဒူဆောင်းဟွေက “ကျနော်တို့ရဲ့ သဘာဝပစ္စည်းတွေနဲ့ ကျနော်တို့ ကိုယ်ပိုင် နည်းပညာနဲ့အရည်အသွေးမြင့် ထုတ်ကုန် အမျိုးမျိုးကို ထုတ်လုပ်ရင်း ကျနော်တို့ စက်ရုံကို ပိုတောက်ပ လာအောင် လုပ်မယ်။ ဒါမှ ဒီထုတ်ကုန်တွေကို  ပြည်သူတွေ ခံစားနိုင်မယ်”လို့ ပြောပါတယ်။  ဒီစက်ရုံဟာ နိုင်ငံသားတွေအကြား လူကြိုက်များတဲ့ စားသောက်ကုန် အမျိုး ၄၀၀ ကို ထုတ်လုပ်နေပြီး ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်ဟာလည်း ၂၀၁၀ ပြည့်နှစ်မှာ လာရောက် လည်ပတ်ဖူးတယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
6 months Ago
Up