ကမ္ဘာ့အဆင့် တိုက်စစ်မှူးအဖြစ် မသတ်မှတ်ခံရခြင်းအပေါ် လူကာကူ မကျေနပ်

ဟာရီကိန်းနဲ့ လီဝန်ဒေါစကီးတို့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံရခြင်း မရှိ တဲ့အပေါ်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက မကျေမနပ်ဖြစ်နေပါတယ်။
ဘယ်လ်ဂျီယံဟာ ယူရိုရှုံးထွက်အဆင့်မှာ ပေါ်တူဂီနဲ့ထိပ်တိုက်တွေ့ဆုံနေတာပါ။
သူ့အနေနဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူး တစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်တယ်လို့ လူကာကူက ပြောပါတယ်။
လူကာကူက လူတွေက ဟာရီကိန်း၊ လီဝမ်ဒေါစကီးနဲ့ ဘင်ဇီမာတို့အကြောင်းတွေကို ပြောလေ့ရှိပြီး ကမ္ဘာ့အဆင့် ကြေးစားသမားတွေ့လို့ သတ်မှတ်ပါတယ်။
“ကျွန်တော့်ရဲ့ခြေစွမ်းကိုကျတော့ ပုံစံကောင်းရတယ်လို့ အမြဲပြောကြပါတယ်။ ကျနော်ဟာ ပုံစံကောင်းတစ်ခုထက်ပိုတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပြသခဲ့ပြီးပါပြီ” လို့ လူကာက ပြောပါတယ်။
လူကာကူဟာ ဘယ်လ်ဂျီယံအတွက် နောက်ဆုံး ၂၁ ပွဲမှာ ၂၃ ဂိုးအထိသွင်းယူထားပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှုးအဖြစ် သက်သေပြဖို့ ယူရိုချန်ပီယံဆုဖလားကို ရယူသွားချင်တယ်လို့ လည်း လူကာကူက ပြောပါတယ်။