စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၊ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ ဟန်လင်းဌာနစုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒုတိယဦးစီးမှူး အပါအဝင် ဝန်ထမ်း ၁၁ ဦးကို CDM လှုပ်ရှားမှုမှာ ပါဝင်လို့ အာဏာသိမ်းစစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာရန် ပျက်ကွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခြင်း စတဲ့ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေအရ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်စာ ထုတ်ပြန်ချက်မှာ ဖော်ပြထာားပါတယ်။