close

ကမ္ဘာ့အမွေအနှစ်ဌာနခွဲ ဟန်လင်းဌာနစုမှ ဝန်ထမ်း ၁၁ ဦး ရာထူးမှထုတ်ပယ်ခံရ

Photo : UNESCO

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၊ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ ဟန်လင်းဌာနစုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒုတိယဦးစီးမှူး အပါအဝင် ဝန်ထမ်း ၁၁ ဦးကို CDM လှုပ်ရှားမှုမှာ ပါဝင်လို့ အာဏာသိမ်းစစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာရန် ပျက်ကွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခြင်း စတဲ့ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေအရ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်စာ ထုတ်ပြန်ချက်မှာ ဖော်ပြထာားပါတယ်။

ရာထူးတာဝန်ကနေ ထုတ်ပယ်ခံရသူတွေအထဲမှာ ဒုဦးစီးမှူးအပါအဝင် လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူးတွေ၊ သုတေသန လက်ထောက်၊ ဓာတ်ခွဲကျွမ်းကျင်သူနဲ့ ပုံဆွဲ ကျွမ်းကျင်သူတွေ ပါဝင်ပြီး ဇွန် ၇ ရက်နေ့ကစတင် အလုပ်ထုတ်ပယ်လိုက်တာလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ရုံးအမိန့်စာအရသိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up