close

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

close

November 15, 2022

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုဝင်ဘာ ၁၅ ရက် ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမတက်ခင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာ သိခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ အပါအဝင် ဘယ်သူနဲ့မှမတွေ့ခင် ရောဂါကူးစက်ခံထားရမှန်း သိခဲ့တာလို့ ဟွန်ဆန်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်က ပြီးဆုံးခဲ့တဲ့ အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို ဟွန်ဆန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။

ယူကရိန်းစစ်ပွဲကြောင့် အကွဲအပြဲတွေ ရှိနေတဲ့ကြားက ကမ္ဘာ့စီးပွားရေးကို စည်းလုံးညီညွတ်ပြီး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဖြည့်ဆည်းပေးဖို့ G20 နိုင်ငံခေါင်းဆောင်တွေက အိမ်ရှင် အင်ဒိုနီးရှားကို အင်္ဂါနေ့မှာ မေတ္တာရပ်ခံပြီး G20 ဆွေးနွေးပွဲကို စတင်နေပါတယ်။

3 mins Ago

August 4, 2022

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်စဉ်းစားရမည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ပြော

မြန်မာစစ်အာဏာရှင်တွေဟာ အကျဉ်းသားတွေကို ပိုမိုကွပ်မျက်မှုတွေလုပ်လာတယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်စဉ်းစားရတော့မှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ် ၃ ရက်မှာ ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ  အားလုံးရဲ့ ဆန္ဒအတိုင်း တိုးတက်မှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာအပါအဝင် တိုးတက်မှုတချို့တော့ ရှိခဲ့တယ်လို့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ  ဟွန်ဆန်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ကာ ငြိမ်းချမ်းရေး သဘောတူညီချက် မရခင်ကထက် ပိုဆိုးရွားလာတာကို မြင်နေရပြီး ဒါဟာ တက်ကြွလှုပ်ရှားသူတွေကို စစ်အုပ်စုက ကွပ်မျက်လိုက်တာကြောင့် ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

ဟွန်ဆန်က “ကွပ်မျက်ခံရဦးမယ့် အကျဉ်းသားတွေ ရှိနေသေးရင် အာဆီယံရဲ့ အချက်ငါးချက် သဘောတူညီချက်မှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍတွေကို ပြန်စဉ်းစားမှာဖြစ်ကြောင်း” လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ သေဒဏ်စီရင် ကွပ်မျက်မှုကို ပြန်လည်စဉ်းစားဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ကြတာကိုတောင်မှ မြန်မာစစ်ကောင်စီက အတိုက်အခံပါတီ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့မှုအပေါ် ကမ္ဘောဒီးယားနဲ့တခြား အာဆီယံအဖွဲ့ဝင်တွေက စိတ်ပျက်ပြီး ထိတ်လန့်ခဲ့ရကြောင်း ဟွန်ဆန်က ပြောသွားပါတယ်။

မြန်မာစစ်တပ်ကတော့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာဟာ ပြည်သူတွေအတွက် တရားမျှတမှုဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကာကွယ်ပြောဆိုခဲ့ပြီး အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ပယ်ချခဲ့ပါတယ်။

3 months Ago
Up