close

ကမ်းလှမ်းမှု

close

July 3, 2022

သင့်လျော်သည့် ကမ်းလှမ်းမှုရှိပါက ထွက်ခွာခွင့်ပေးရန် စီရော်နယ်ဒိုတောင်းဆို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

အသက် ၃၇ နှစ်ရှိ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရရှိမှာမဟုတ်တာကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုရှိလာရင် အသင်းပြောင်းရွှေ့ဖို့ စီစဉ်ထားတာပါ။

ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာလည်း ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ နာပိုလီအသင်းတွေနဲ့ ဆွေးနွေးထားခဲ့တယ်လို့သိရပါတယ်။

ရော်နယ်ဒိုအနေနဲ့ နောက်ထပ် ၃ နှစ်လောက် ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ဦးမယ်လို့ ယုံကြည်နေပြီး အဓိကဆုဖလားတွေရယူနိုင်ဖို့လည်း ဆန္ဒရှိနေတာပါ။

ဒါပေမဲ့ မန်ယူအသင်းမှာဆက်ကစားမယ်ဆိုရင် ဆုဖလားတွေရရှိဖို့ အခွင့်အရေးနည်းပါးတာကြောင့် ထိပ်တန်းအသင်းတစ်သင်းစီကိုပြောင်းရွှေ့လိုနေတာပါ။

ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၄ ဂိုးနဲ့ အသင်းရဲ့ ဂိုးအများဆုံးသွင်းယူသူဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုကို နည်ပြတန်ဟတ်ဂ်ဘက်ကတော့ဆက်ထိန်းထားဖို့ စီစဉ်ထားပါတယ်။

ရော်နယ်ဒိုကိုခေါ်ယူဖို့ ချဲလ်အသင်းပိုင်ရှင် ဘိုလီကိုယ်တိုင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ 

15 mins Ago

June 1, 2020

ကမ်းလှမ်းမှုရှိပါက နည်းပြအဖြစ် စတင်တာဝန်ယူမည်ဟု ရှဝိန်းစတိုင်ဂါပြော

ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရှိလာရင် နည်းပြအဖြစ် စတင်တာဝန်ယူဖို့ စဉ်းစားမယ်လို့ ဘိုင်ယန်မြူးနစ်နဲ့မန်ယူကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါက ပြောပါတယ်။  ဂျာမနီကွင်းလယ်လူဟောင်း စတိုင်ဂါဟာ အမေရိကန်ကလပ် ချီကာဂိုဖိုင်းရားအသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။  အသက် ၃၅ နှစ်ရှိ စတိုင်ဂါဟာ လက်ရှိအချိန်မှာ ဂျာမနီရုပ်သံ ARD မှာ သုံးသပ်တင် ဆက်သူအဖြစ် လုပ်ကိုင်နေတာပါ။  စတိုင်ဂါအနေနဲ့ နည်းပြလုပ်ဖို့ ရှိလားဆိုတဲ့မေးခွန်းအပေါ် ဖြေကြားရာမှာတော့ ကောင်းမွန်တဲ့ ကမ်းလှမ်းမူတွေရှိလာရင် နည်းပြဘဝကို ကူးပြောင်းဖို့ စဉ်းစားမယ်လို့ပြောခဲ့တာပါ။  ဘာပဲဆက်လက်လုပ်ဆောင်သည်ဖြစ်စေ အောင်မြင်မှုတွေ ရယူသွားချင်တယ်လို့လည်း စတိုင်ဂါက ပြောပါတယ်။  ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ ဖလားချန်ပီယံ ဆုဖလားရယူပေးခဲ့တဲ့ စတိုင်ဂါဟာ ဘိုင်ယန်အသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ 
2 years Ago
Up