close

ကယ်ဆယ်ရေးအဖွဲ့

close

March 22, 2022

ပျက်ကျသွားသည့် တရုတ်ဘိုးရင်းလေယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေ

မတ် ၂၁ ရက်နေ့က ပျက်ကျသွားတဲ့ တရုတ်ခရီးသည်လေယာဉ် Boein 737-800 ကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ကွမ်ရှီပြည်နယ် တန်မြို့ရဲ့ တောင်တန်းတွေပေါ်ကို ရောက်ရှိလာပါတယ်။ 

ခရီးသည် ၁၃၂ ဦးပါတဲ့ တရုတ်ပြည်တွင်း China Eastern လေယာဉ်ဟာ တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ဟောင်ကောင်နယ်စပ် ကွမ်ကျိုးမြို့ကို ပျံသန်းနေစဉ် ရုတ်တရက် စောင့်ကြည့်မြင်ကွင်းကနေ ပျောက်သွားတာပါ။ 

လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူ မရှိနိုင်ဘူးလို့ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေက ခန့်မှန်းပါတယ်။  

လေယာဉ်ဟာ လမ်းကြောင်းစောင့်ကြည့် ရေဒါအရ အမြင့်ပေ ၃၁၀၀၀ မှ ဆင်းသက်ဖို့ လုပ်နေစဉ် ၁ မိနစ်အကြာမှာ ပျက်ကျသွားခဲ့ပြီး စစ်ဆေးမှုတွေ ဆက်လုပ်မယ်လို့ လေကြောင်းလိုင်းက ကြေညာ ပါတယ်။ 

ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြပါတယ်။  

5 mins Ago

May 10, 2020

နှင်းတောင်ပြိုပြီး ပိတ်မိသေဆုံးခဲ့သည့် နှင်းလျှောစီးသမား ၁ ဦးကို အီတလီကယ်ဆယ်ရေးအဖွဲ့ ပြန်သယ်

အီတလီနိုင်ငံက ကယ်ဆယ်ရေး လုပ်သားတွေဟာ နိုင်ငံအရှေ့မြောက်ပိုင်းက နှင်းလျှောစီး အပန်းဖြေ စခန်းသာမြို့ ကော်တီနာ အမ်ပဲ့ဇိုနားက နှင်းတောင်ပြိုကျချိန်မှာ သေဆုံးခဲ့တဲ့ နှင်းလျှောစီးသမား တယောက်ရဲ့ အလောင်းကို မေ ၉ ရက်မှာ ပြန်ရယူနိုင်ခဲ့ပါတယ်။  အယ်လ်ပိုင်းနဲ့ စပီလီယိုလိုဂျစ်ကယ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ အဆိုအရ နှင်းလျှောစီးသူဟာ ဒိုလိုမိုက်စ်တောင်တန်းပေါ်က နှင်းထုပြိုကျချိန်မှာ ပိတ်မိနေတဲ့ နှင်းလျှောစီး လူအုပ်ထဲက တယောက် ဖြစ်ပါတယ်။  သေဆုံးသူ အသက် ၂၃ နှစ်အရွယ် အီတလီနိုင်ငံသား အမျိုးသားနဲ့ အတူရှိနေခဲ့တဲ့ သူ့ညီအစ်ကိုကတော့ ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။ သူ့အလောင်းကို ကယ်ဆယ်ရေး အဖွဲ့ ရဟတ်ယာဉ်နဲ့ သယ်လာပြီး ကော်တီနာ အမ်ပဲ့ဇိုမြို့ ရင်ခွဲရုံဆီကို ပို့ဆောင်ခဲ့ပါတယ်။
2 years Ago
Up