ပျက်ကျသွားသည့် တရုတ်ဘိုးရင်းလေယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေ

မတ် ၂၁ ရက်နေ့က ပျက်ကျသွားတဲ့ တရုတ်ခရီးသည်လေယာဉ် Boein 737-800 ကို ရှာဖွေဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ကွမ်ရှီပြည်နယ် တန်မြို့ရဲ့ တောင်တန်းတွေပေါ်ကို ရောက်ရှိလာပါတယ်။
ခရီးသည် ၁၃၂ ဦးပါတဲ့ တရုတ်ပြည်တွင်း China Eastern လေယာဉ်ဟာ တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ဟောင်ကောင်နယ်စပ် ကွမ်ကျိုးမြို့ကို ပျံသန်းနေစဉ် ရုတ်တရက် စောင့်ကြည့်မြင်ကွင်းကနေ ပျောက်သွားတာပါ။
လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူ မရှိနိုင်ဘူးလို့ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေက ခန့်မှန်းပါတယ်။
လေယာဉ်ဟာ လမ်းကြောင်းစောင့်ကြည့် ရေဒါအရ အမြင့်ပေ ၃၁၀၀၀ မှ ဆင်းသက်ဖို့ လုပ်နေစဉ် ၁ မိနစ်အကြာမှာ ပျက်ကျသွားခဲ့ပြီး စစ်ဆေးမှုတွေ ဆက်လုပ်မယ်လို့ လေကြောင်းလိုင်းက ကြေညာ ပါတယ်။
ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖော်ပြပါတယ်။