close

ကယ်ထုတ်

close

April 24, 2023

အမေရိကန်သံတမန်များနှင့် မိသားစုဝင်များကို ဆူဒန်နိုင်ငံမှကယ်ထုတ်

ဆူဒန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ လေယာဉ် ၆ စီးပါ စစ်ဆင်ရေးအတွင်း သံတမန်တွေနဲ့အတူ မိသားစုဝင်တွေကိုပါ နိုင်ငံတွင်းကနေ ကယ်ထုတ်သွားပြီလို့ အရန်စစ်တပ်ဖြစ်တဲ့ အလျင်အမြန်ကူညီပေးရေးတပ်ဖွဲ့  (RSF)က ဧပြီလ ၂၃ရက်မှာ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို RSF ရဲ့  ညှိနှိုင်းဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော်ခဲ့တာလို့ တွစ်တာပေါ်က RSFရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ဆော်ဒီ အပါအဝင် တခြားနိုင်ငံတွေဟာ လည်း သူတို့ရဲ့ သံတမန်တွေနဲ့ နိုင်ငံသားတွေကို ပြန်ခေါ်တော့မယ်လို့ ဧပြီလ ၂၂ရက်မှာ ဆူဒန်စစ်တပ်ဘက်က ပြောကြားထားပါတယ်။

ဆူဒန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ အုပ်စုကွဲရာကနေ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် ဒီကနေ့အချိန်အထိ လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ တစ်ရက်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်တပ်အနေနဲ့ အစိုးရ ဝန်ထမ်းတွေကို ဆူဒန်မြို့တော် ခါတွန် ကနေ ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့အပြင် သံရုံးရဲ့ လုပ်ငန်းလည်ပတ်မှုကိုပါ ယာယီရပ်ဆိုင်း ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆူဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် တတ်နိုင်သမျှ အကူအညီ ပေးရာမှာ အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာတွေကို ပုံမှန်လက်ခံရရှိထားတယ်လို့ ဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

ဒီလို ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွက် မဟာမိတ်တွေ အပါအဝင် မိတ်ဖက်နိုင်ငံတွေ နဲ့ပါ လက်တွဲလုပ်ကိုင်နေတယ်လို့ ဘိုင်ဒင်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

1 min Ago

January 22, 2021

ပိတ်မိရွှေလုပ်သားများကို ကယ်ထုတ်ရန်  ၁၅ ရက် စောင့်ရမည်ဟု တရုတ်အာဏာပိုင်များ ပြော

ပိတ်မိနေတဲ့ တရုတ်ရွှေတွင်းလုပ်သားတွေကို ကယ်ဆယ်မယ့် လမ်းကြောင်းမှာ တစ်ဆို့ နေတဲ့ အရာရှိနေလို့ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ နောက်ထပ် ၁၅ ရက် စောင့်ဆိုင်း ရမယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။  တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ဟူရှန်ရွှေတွင်းဟာ ဇန်နဝါရီ ၁၀ ရက်က  ပေါက်ကွဲပြီး စုစုပေါင်း တွင်းလုပ်သား ၂၂ ယောက် ပိတ်မိခဲ့ပါတယ်။  ပိတ်မိနေသူတွေထဲက တစ်ယောက် သေဆုံးပြီး  ၁၁ ယောက်ကတော့ အသက်ရှင်နေသေးပါတယ်။ ကျန်လုပ်သား ၁၀ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ တွင်းသစ်တွေတူးပြီး  ပိတ်မိလုပ်သားတွေထံ ဆေးဝါးနဲ့ အစားအစာတွေ ပို့ဆောင်ပေးနေပါတယ်။ 
2 years Ago
Up