လီဗာပူးသင်းဟာ မန်စီးတီးကွင်းလယ်ကစားသမား ကယ်ဗင်ဖိလစ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ မနှစ်က လိဒ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေလည်းရှိခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာပါ။
ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်အထိ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ဖူးခြင်း မရှိသေးပါဘူး။ နည်းပြ ယာဂန်ကလော့ပ်ကလည်း ဖိလစ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ဖူးပါတယ်။
ဖိလစ်ဘက်ကလည်း မန်စီးတီးအသင်းမှာ ရိုဒရီနဲ့ ဂွမ်ဒိုဂမ်တို့ကို ကျော်ပြီး ပွဲထွက်ခွင့်ရဖို့ မဖြစ်နိုင်တော့တာကြောင့် လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်တယ်လို့ သိရပါတယ်။
လီဗာပူးဟာ အစောပိုင်းက ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကယ်ဗင်ဖိလစ်ကို ခေါ်ယူနိုင်ရေးအတွက်ပဲ ပစ်မှတ်ထားတော့မယ်လို့ Daily Star သတင်းမှာ ဖော်ပြထားပါတယ်။
မန်စီးတီးအသင်းဟာ လိဒ်ယူနိုက်တက် အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
ဖိလစ်အတွက် မန်စီးတီးအသင်းက ပေါင် ၄၂ သန်း လက်ငင်းပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ်ပေါင် ၃ သိန်းပေးချေဖို့ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိခဲ့တာပါ။
တခြားအသေးစိတ်အချက်အလက်တွေကို ရက်ပိုင်းအတွင်း အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာသွားဖို့ရှိပါတယ်။
ဖိလစ်ရဲ့အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့ အင်္ဂလန်လူငယ်အသင်းရဲ့ အလယ်တန်းကစားသမား ဒါကိုဂရာဘီကို မန်စီးတီးက လိဒ်အသင်းဆီကို ပြောင်းရွှေ့ခွင့်ပြုမယ်လို့သိရပါတယ်။
လိဒ်ယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ်က စပိန်ကွင်းလယ်လူ မာ့စ်ရော့ကာကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။
အသက်၂၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၈ နှစ်တာကာလအတွင်းမှာ စုစုပေါင်း ၂၃၄ ပွဲ ကစားပြီး ၁၄ ဂိုးသွင်းခဲ့ပါတယ်။