လိဒ်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကိုခေါ်ယူရန် မန်စီးတီးအသင်း သဘောတူညီမှုရရှိ

မန်စီးတီးအသင်းဟာ လိဒ်ယူနိုက်တက် အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
ဖိလစ်အတွက် မန်စီးတီးအသင်းက ပေါင် ၄၂ သန်း လက်ငင်းပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ်ပေါင် ၃ သိန်းပေးချေဖို့ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိခဲ့တာပါ။
တခြားအသေးစိတ်အချက်အလက်တွေကို ရက်ပိုင်းအတွင်း အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာသွားဖို့ရှိပါတယ်။
ဖိလစ်ရဲ့အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့ အင်္ဂလန်လူငယ်အသင်းရဲ့ အလယ်တန်းကစားသမား ဒါကိုဂရာဘီကို မန်စီးတီးက လိဒ်အသင်းဆီကို ပြောင်းရွှေ့ခွင့်ပြုမယ်လို့သိရပါတယ်။
လိဒ်ယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ်က စပိန်ကွင်းလယ်လူ မာ့စ်ရော့ကာကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။
အသက်၂၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၈ နှစ်တာကာလအတွင်းမှာ စုစုပေါင်း ၂၃၄ ပွဲ ကစားပြီး ၁၄ ဂိုးသွင်းခဲ့ပါတယ်။