close

ကယ်လီဖိုးနီးယား

close

April 24, 2023

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒစ္စနေးလန်း နဂါးကြီး မီးလောင်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်းနာဟိန်းန်မှာ  ဧပြီလ ၂၂ ရက် ညပိုင်းက ဖျော်ဖြေ ပွဲတစ်ခု အတွင်း ၄၅ ပေမြင့်တဲ့ ဒစ္စနေးလန်း နဂါးကြီး မီးလောင်ခဲ့လို့ လူတွေထွက်ပြေး သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါပါသည်။

မီးလောင်မှုကြောင့် သေဆုံးတာတွေ ရှိတယ်လို့ဆိုပေမဲ့ အတိအကျအတည်ပြိုနိုင်ခြင်း မရှိပါဘူး။

“နဂါးခေါင်းက မီးတောက်လာပြီး မီးနဲ့ မီးခိုးတွေ ထွက်လာတာကို ငါမြင်တယ်”လို့ ပွဲစီစဉ်သူ အီလိန်း ဂီလ်မာက  ABC News သတင်း ဌာနကို ပြောပါတယ်။

အခင်းဖြစ်နေရာက ဗီဒီယိုတွေထဲမှာ နဂါးဟာ မီးတောက်တွေ ပြည့်နှက်နေပြီး ဖျော်ဖြေပွဲ ကျင်းပတဲ့ တွမ် ဆော်ယာ ကျွန်းက ဇာတ်ပို့အဖွဲ့ဝင် တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားတာကို တွေ့ရပါတယ်။ 

အန်နာဟိန်န် မီးသတ်ဌာနကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေပါတယ်။

12 mins Ago

March 26, 2023

ကယ်လီဖိုးနီးယားတွင် ဆီးနှင်း အများအပြားကျဆင်းပြီး လူနေအိမ်ခေါင်မိုးများပျက်စီး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယားပြည်နယ်မှာ မကြာသေးမီက ဆီးနှင်းအများအပြား ကျရောက်ခဲ့တာကြောင့် မတ် ၂၄ ရက်မှာ တာဟိုးရေကန်အနီး နေထိုင်သူတွေဟာ ပေ ၅၀ ကျော်ရှိတဲ့ နှင်းထုတွေအကြား ရုန်းကန်းလှုပ်ရှားနေရပါတယ်။ 

ဒီလို ဆီးနှင်းကျဆင်းရာက ခေါင်မိုးတွေ အပါအဝင် နေရာတိုင်းမှာ ကြီးမားတဲ့ နှင်းထုတွေနဲ့ ပြည့်နှက်နေပြီး ဒီနှင်းထုအလေးချိန်ကြောင့်ပဲတချို့ ခေါင်မိုးပျက်စီးသွားတာတွေလည်း ရှိတယ်လို့ အယ်လ်ဒိုရာဒို ကောင်တီ ကြီးကြပ်ရေးမှူးဟောင်း ဆူးနိုဗက်ဆဲလ် ကပြောကြားပါတယ်။ 

အမျိုးသားမိုးလေဝသဌာနကတော့ မတ် ၁၇ ရက် ညဉ့်နက်ပိုင်းကနေ မတ် ၂၈ ရက် နေ့လယ် ပိုင်း အထိ ဆီနှင်းကျဆင်းမှုနှုန်း အမြင့်ဆုံးနဲ့ လေတိုက်ခတ်မှု အပြင်းထန်ဆုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းထားချက်ကို ပြည်သူလူထုကို အသိပေးခဲ့ပါတယ်။ 

အမျိုးသားဥယျာဉ်တွေဖြစ်ကြတဲ့ လက်စ်ဆန်နဲ့ ပလူးမတ်စ် အရှေ့ပိုင်းဒေသတွေ အပါအဝင် ဆီအယ်ရာကောင်တီနဲ့ တာဟိုးရေကန်ဧရိယာ နေရာအနှံ့အပြားမှာ မတ် ၂၉ ရက် မတိုင်ခင်အထိ နှင်းမုန်တိုင်းကျရောက်နိုင်မှုကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ 

4 weeks Ago
Up