ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒစ္စနေးလန်း နဂါးကြီး မီးလောင်

202
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ အန်းနာဟိန်းန်မှာ ဧပြီလ ၂၂ ရက် ညပိုင်းက ဖျော်ဖြေ ပွဲတစ်ခု အတွင်း ၄၅ ပေမြင့်တဲ့ ဒစ္စနေးလန်း နဂါးကြီး မီးလောင်ခဲ့လို့ လူတွေထွက်ပြေး သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါပါသည်။
မီးလောင်မှုကြောင့် သေဆုံးတာတွေ ရှိတယ်လို့ဆိုပေမဲ့ အတိအကျအတည်ပြိုနိုင်ခြင်း မရှိပါဘူး။
“နဂါးခေါင်းက မီးတောက်လာပြီး မီးနဲ့ မီးခိုးတွေ ထွက်လာတာကို ငါမြင်တယ်”လို့ ပွဲစီစဉ်သူ အီလိန်း ဂီလ်မာက ABC News သတင်း ဌာနကို ပြောပါတယ်။
အခင်းဖြစ်နေရာက ဗီဒီယိုတွေထဲမှာ နဂါးဟာ မီးတောက်တွေ ပြည့်နှက်နေပြီး ဖျော်ဖြေပွဲ ကျင်းပတဲ့ တွမ် ဆော်ယာ ကျွန်းက ဇာတ်ပို့အဖွဲ့ဝင် တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားတာကို တွေ့ရပါတယ်။
အန်နာဟိန်န် မီးသတ်ဌာနကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေပါတယ်။