close

ကရင်နီပူးပေါင်းတပ်

close

September 7, 2022

ဘောလခဲတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ လက်နက်အချို့ရရှိ

ကရင်နီ (ကယား) ပြည်နယ် ဘောလခဲမြို့နဲ့ ရွာသစ်မြို့အကြားက လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းအနီး ဝါးခုတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်နီ ပူးပေါင်းတပ်တွေက အလစ်အငိုက် တိုက်ခိုက်ခဲ့လို ၃ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက အဆိုပါ ၁၂ မိုင်ကုန်းစခန်းအနီး ဝါးခုတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ‌ေယာက်ကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၁ တို့က အလစ်အငိုက် တိုက်ခိုက်ခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရတဲ့အတွက် စစ်ကော်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ၂ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ကိုင်ဆောင်ထားတဲ့ MA သေနတ် ၁ လက်နဲ့ ကျည်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆိုပါတယ်။

4 mins Ago

August 22, 2022

ရှားတောမြို့နယ်ရှိ စစ်ကောင်စီ‌ခြေကုပ်စခန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်

ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ်က စစ်ကောင်စီ အခြေကုပ်စခန်းတခုဖြစ်တဲ့ ပွိုင့်အမှတ် ၅၃၅၀ (တငူးဆိုစခန်း)ကို ကရင်နီပူးပေါင်းတပ်တွေက ဩဂုတ် ၂၂ ရက်မှာ သိမ်းပိုက်လိုက်ပါတယ်။

အဆိုပါစခန်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၇ နဲ့ ၁၄ တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KA က သတင်းထုတ်ပြန်ထား ပါတယ်။

အဆိုပါ  တငူးဆိုစခန်းက စစ်ကောင်စီရဲ့ ဗျူဟာမြောက်စခန်းတခုဖြစ်ပြီး  ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ  သိမ်းပိုက်ပြီးနောက် မီးရှိုဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက် ရှားတော မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ကြားစခန်းအပါအဝင် အခြေကုပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ကရင်နီတပ်မတော်က ထုတ်ပြန်ထားပါတယ်။

အလားတူ ဖရူဆိုမြို့နယ် ထီးတော်ကူးရွာနဲ့ ထီးပေါ်ဆိုရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက မနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က  ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတည်မပြုနိုင်သေးကြောင်း၊ မဟာမိတ်တပ်တွေဘက်ကတော့ လွိုင်ကော် PDF ရဲဘော် နှစ်ယောက်  ဒဏ်ရာပြင်းထန်စွာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့  လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

2 weeks Ago
Up