close

ကလောမြို့

close

April 7, 2022

ကလောမြို့တွင် ကျဆုံး UTF ရဲဘော်တဦး၏ မိသားစုဝင်များ ဖမ်းဆီးခံရ

ဧပြီ ၄ ရက်နေ့က ပင်းတယမြို့အနီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးအနက် တဦးရဲ့ မိသားစုဝင်တွေကို ဧပြီ ၆ ရက်နေ့မှာ စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ အောင်ပန်းမြို့ ပြောက်ကျားတပ်ဖွဲ့ (UTF) ဝင် ၂ ဦးအနက် ၁ ဦး​ရဲ့ အမေ၊ ညီ၊ ညီမနဲ့ အဒေါ်ဖြစ်သူ ၂ ဦး စုစုပေါင်း ၅ ဦးတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ရပ်ကွက် ၁ မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

UTF အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက “ကျနော်တို့အဖွဲ့ဝင်တွေက ခံယူချက်ပြင်းပြင်းနဲ့ အသက်ပေးသွားခဲ့ပါတယ်။ အဲလိုပဲ ကျန်ရှိ ရဲဘော်တွေဆီမှာလည်း တော်လှန်ရေးစိတ်ဓာတ် အပြည့်နဲ့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ သစ္စာအဓိဋ္ဌာန် ၄ ချက်ထဲကအတိုင်းပဲ။ တယောက်ပဲ ကျန်နေရင်တောင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုလို ကျဆုံးရဲဘော်ရဲ့ မိသားစုကို ဒုက္ခပေးတာတော့ မကောင်းဘူး၊ စစ်တပ်က တအားကို ယုတ်မာရိုင်းစိုင်းတယ်လို့ မြင်မိတယ်။ သေသူက သေခဲ့ပြီးပြီ၊ ကျန်ရှိမိသားစုကို ဒုက္ခမပေးသင့်ဘူး။ အဲဒီအတွက်လည်း လက်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေကို ဘယ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နဲ့ အောင်ပန်းမြို့တို့မှာ PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံနေရသူတွေ ရှိတယ်လို့ သိရပါတယ်။

15 mins Ago

November 3, 2021

ကလောမြို့တွင် ဒေသခံ အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ ရပ်ကွက် -၂ ‌(ခ) စခန်းသာမှာ နေထိုင်တဲ့ ကိုသက်ရာကျော်ကို နိုဝင်ဘာ ၁  ရက်နေ့ညက စစ်ကောင်စီတပ်က ကား ၅ စီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့  ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။

“လာဖမ်းတာက ည ၁၂ နာရီ‌ကျော်လောက် ဖြစ်မယ်။ သက်ရာကျော် ဘယ်သူလဲ၊ စစ်မေးစရာရှိလို့ဆိုပြီး လာဖမ်းတာ၊ အိမ်သားတွေရဲ့ ဖုန်းတွေလည်း သိမ်းခံလိုက်ရတယ်။ အဲဒါပြီးတော့ ကိုသက်ရာကျော်ကို မျက်နှာအဝတ်စည်းပြီး ဖမ်းခေါ်သွားတာပဲ” လို့ နီးစပ်သူတွေက ဆိုပါတယ်။

ကိုသက်ရာကျော်ကို စစ်ကောင်စီက ဘာနဲ့အမှုနဲ့ဖမ်းဆီးတယ်ဆိုတာနဲ့ လက်ရှိ ဘယ်နေရာမှာ  ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ဖမ်းဆီးသွားခံရတဲ့ ကိုသက်ရာကျော်မှာ အသက် ၁၃ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၇ နှစ်အရွယ် သားတစ်‌ယောက်ရှိတယ်လို့ သိရပါတယ်။

5 months Ago
Up