close

ကလေးငယ်များ

close

January 25, 2023

ကလေးများကို မသန့်ရှင်းသည့် ဆေးဝါးများအန္တရာယ်မှ ကာကွယ်ကြရန် WHO တောင်းဆို

မနှစ်က ချောင်းဆိုးပျောက်ဆေးနဲ့ဆက်စပ်ပြီး ကလေးသေဆုံးမှု အရှိန်အဟုန် မြင့်လာပြီးတဲ့နောက် ညစ်ညမ်းဆေးဝါးတွေကနေ ကလေးတွေကို ကာကွယ်ကြဖို့ နိုင်ငံတွေ၊ ထုတ်လုပ်သူတွေနဲ့ ပေးသွင်းသူတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဂမ်ဘီယာ၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေမှာ အဓိကအားဖြင့် အသက် ၅ နှစ်အောက် ကလေး ၃၀၀ ကျော်ဟာ မသန့်ရှင်းတဲ့ ဆေးဝါးတွေနဲ့ ဆက်စပ်သေဆုံးမှုတွေထဲမှာ ပြင်းထန်တဲ့ ကျောက်ကပ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ္ဒါနွန် ဂေဘရီယေးဆပ်က ဂျီနီဗာမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တေဒရိုက “အရောင်းဆိုင်တွေက ချောင်းဆိုးပျောက်ဆေးရည်တွေမှာ ဒိုင်အီသလင်း ဂလိုင်ဂေါနဲ့ အီသလင်း ဂလိုင်ဂေါတို့ အများကြီးပါပါတယ်။ ဒီညစ်ညမ်းပစ္စည်းတွေဟာ ပမာဏ နည်းနည်းသောက်ရင်တောင် သေစေနိုင်တဲ့ အဆိပ်အတောက်တွေဖြစ်လို့ ဆေးဝါးတွေထဲမှာ ဘယ်တော့မှ မတွေ့သင့်ပါဘူး” လို့ ပြောပါတယ်။

ဂမ်ဘီယာနဲ့ ဥဇဘက်ကစ္စတန် နိုင်ငံအသီးသီးက သေဆုံးမှုတွေနဲ့ ဆက်နွှယ်နေတဲ့ အိန္ဒိယနိုင်ငံက မေဒန် ဖှာမန်ကယူတီကယ်စ်နဲ့ မာရီအွန် ဘိုင်အိုတက်ခ်တို့ကထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးတွေအတွက် WHO က အောက်တိုဘာနဲ့ ဇန်နဝါရီလ အစောပိုင်းမှာ သတ်မှတ်ထားတဲ့ ထုတ်ကုန်သတိပေးချက်တွေ ပေးပို့ထားပြီးပါပြီ။

အင်ဒိုနီးရှားပြည်တွင်းမှာ ရောင်းချနေတဲ့ PT ယာရင်ဒို ဖှာမာတာမာ၊ PT ယူနီဗာဆယ် ဖှာမာကယူတီကယ်၊ PT ကိုနီမက်စ်နဲ့ PT AFI ဖှာမာတို့ကလုပ်တဲ့ ချောင်းဆိုးပျောက်ဆေးတွေအတွက်လည်း ပြီးခဲ့တဲ့နှစ်က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေချိန်မှာ သူတို့ရဲ့ထုတ်ကုန်တွေ မညစ်ညမ်းဘူးလို့ ဆက်စပ်ကုမ္ပဏီတွေက ငြင်းဆိုထားပါတယ်။

WHO က အဲဒီထုတ်ကုန်တွေကို ဈေးကွက်ထဲ လည်ပတ်နေရာက ဖယ်ရှားဖို့ ထပ်တောင်းဆိုခဲ့ပြီး ကျွမ်းကျင်အာဏာပိုင်တွေက ရောင်းချတဲ့ ဆေးဝါးတွေကို အတည်ပြုတာ သေချာစေဖို့ နိုင်ငံတွေကို ပိုကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ပါတယ်။

ထုတ်လုပ်သူတွေကို စစ်ဆေးဖို့၊ ဈေးကွက်စောင့်ကြည့်မှု တိုးမြှင့်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ အရေးယူဆောင်ရွက်ဖို့၊ အရင်းအမြစ်တွေကို တာဝန်ပေးဖို့ အစိုးရတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးတွေကို တောင်းဆိုထားပါတယ်။

အရည်အချင်းပြည့်မီတဲ့ ပေးသွင်းသူတွေဆီက ကုန်ကြမ်းပစ္စည်းတွေကိုသာ ဝယ်ယူဖို့၊ ထုတ်ကုန်တွေကို ပိုသေသေချာချာ စမ်းသပ်ပြီး လုပ်ငန်းစဉ်မှတ်တမ်းတွေကို သိမ်းဆည်းထားဖို့လည်း ထုတ်လုပ်သူတွေကို တောင်းဆိုထားပါတယ်။

တင်သွင်းသူတွေနဲ့ ဖြန့်ဖြူးသူတွေဟာ အတုအယောင် လက္ခဏာတွေ ရှိ၊ မရှိ စစ်ဆေးသင့်ပြီး သုံးဖို့ခွင့်ပြုထားတဲ့ ဆေးဝါးတွေကိုသာ ဖြန့်ဝေရောင်းချသင့်တယ်လို့လည်း တေဒရိုက ပြောပါတယ်။

7 mins Ago

May 4, 2022

နိုင်ငံ ၂၀ ကျော်တွင် အသည်းရောင်ရောဂါ ခံစားနေရဖွယ်ရှိသည့် ကလေးလူနာ ၂၂၀ ကျော်တွေ့ရှိ

အသည်းရောင်ရောဂါ ခံစားနေရဖွယ်ရှိတဲ့ ကလေးလူနာ ၂၂၈ ယောက်ထက်မနည်း တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ပြောခွင့်ရက မေ ၃ ရက်မှာ ပြောလိုက်ပါတယ်။

နောက်ထပ် ဒါဇင်ချီတဲ့ လူနာတွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မေ ၁ ရက်နေ့ထိ ရထားတဲ့ သတင်းအချက်အလက်အရ ရောဂါခံစားနေရသူ လူနာ ၂၂၈ ယောက်ကျော်ဟာ နိုင်ငံ ၂၀ ကျော်က လူနာတွေလို့ WHO ပြောခွင့်ရ တာရစ်ခ် ဂျာစာရေဗစ်ခ်က ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကလေးငယ်တွေကြားမှာ ပြင်းထန်တဲ့ အသည်းရောင်ရောဂါ ကူးစက်မှု ထူးထူးခြားခြား တိုးနေရတဲ့ အကြောင်းရင်းကို ကမ္ဘာတလွှားက ကျန်းမာရေး အာဏာပိုင်တွေက စူးစမ်းလေ့လာနေပါတယ်။

ဒီရောဂါကြောင့် ကလေးတယောက်ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

9 months Ago
Up