ကာဂျစ္စတန်နိုင်ငံမြို့တော် ဘစ်ရှ်ခတ်ခ်မှာ မီးခိုးမြူတွေနဲ့ လေထုအလွန်ညစ်ညမ်းနေတာကိုတားဆီး ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ အာဏာပိုင်တွေက ဒေသတွင်းစီပွားရေး လုပ်ငန်းတွေကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုတိုက်ဖျက်ရေး စစ်ဆေးရေးအရာရှိတွေရဲ့ ပစ်မှတ်အများ အပြားထဲမှာ စွန့်ပစ်ပစ္စည်း အမှိုက်မီးရှို့တာနဲ့ ကျောက်မီးသွေးမီးရှို့ရာက ထွက်ရှိလာတဲ့ မီးခိုးတွေကို စစ်မထုတ်တဲ့ နေရာတွေ ပါဝင်ပါတယ်။
ဒီကာဂျစ္စတန်မြို့တော်ဟာ ကမ္ဘာ့ပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တော်အဖြစ် ခဏတာ အဆင့် သတ်မှတ်ခံရပြီးနောက် တပတ်အကြာမှာပဲ ဒီလိုဝင်ရောက်စီးနင်းခဲ့တာပါ။
လူဦးရေ ၁ သန်းနီးပါး နေထိုင်တဲ့ ဘစ်ရှ်ခတ်ခ်မြို့တော်က လေထုအရည်အသွေးအညွှန်းကိန်း IQ Air အရ မတူညီတဲ့ ညစ်ညမ်းပစ္စည်းတွေနဲ့ လေထု အမှုန်တွေကို တိုင်းတာရာမှာ ၂၂၂ ညွှန်းကိန်းအထိ ရှိနေပါတယ်။
လေထုအရည်အသွေး ညွှန်းကိန်းက ၃၀၀ အထက်မှာ ရှိနေရင်တော့ အန္တရာယ်ရှိတဲ့ အခြေအနေအဖြစ် သတ်မှတ်ယူဆကြပါတယ်။
ဘစ်ရှ်ခတ်ခ်မြို့မှာနေသူတွေဟာ အရည်အသွေးနိမ့်တဲ့ ကျောက်မီးသွေးနဲ့ အထည် လက်ကျန်တွေလို စက်ရုံထွက်အမှိုက်တွေအပါအဝင် ကားတာယာတွေကိုပါ ဆောင်းရာသီအတွင်း အိမ်မှာ အနွေးဓာတ်ရဖို့ မီးပြင်းဖိုအတွက် လောင်စာအနေနဲ့ သုံးနေကြတယ်လို့ ပြည်တွင်းက ဂေဟဗေဒပညာရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဘစ်ရှ်ခတ်ခ် မြို့တော်ဝန်ရုံးက ပတ်ဝန်းကျင် ညစ်ညမ်းမှု အလွန်ဆိုးရွား နေတာနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ရေရှည်ဖြေရှင်းမှုနည်းလမ်းအဖြစ် ကျောက်မီးသွေးသုံး အပူပေးစနစ်နေရာမှာ သဘာဝဓာတ်ငွေ့နဲ့အပူပေးခြင်းကို အစားထိုးအသုံးပြုဖို့ အဆိုပြုခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ဇွန်လ ၁၁ ရက်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက (၁-၈) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် ၂၄ မိနစ်မှာတင် ရန်နိုင်ဦး အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခံရပြီး ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းခံရကာ ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ စုစုပေါင်း ၁ ဂိုး ၈ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အလယ်တန်းလူ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အိမ်ရှင် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာလည်း ၁၀ ဂိုးပြတ် စံချိန်တင်ရှုံးနိမ့် ခဲ့ပါတယ်။
မြန်မာ၊ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မွန်ဂိုလီးယားတို့ ပါဝင်တဲ့ အုပ်စု F မှာ ဂျပန်အသင်းက လက်ကျန်ပွဲတွေရှိနေပေမဲ့ လက်ရှိ ၇ ပွဲကစား ရမှတ် ၂၁ မှတ် အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းကတော့ ၇ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုနောက်ဆုံး အသင်း ၂ နေရာမှာ ရှိနေပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ဝေးသွားပြီဖြစ်ပါတယ်။
PHOTO- AFC