close

ကာစီနိုရုံ

close

December 29, 2022

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုရုံ မီးလောင်၊ အနည်းဆုံး ၁၀ ဦးသေဆုံး

ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်းက နယ်စပ်မြို့ ပွိုက်ပက်ရှိ Grand Diamond City ကာစီနိုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး  အယောက် ၃၀  လောက်ဒဏ်ရာရသွားတယ်လို့  ဖနွမ်ပင်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဒဏ်ရာရ ထိုင်းနိုင်ငံသား ၃၂ ဦးကို ထိုင်းနိုင်ငံရှိ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ စာ့ကယောက် ခရိုင်အုပ်ချုပ်ရေးမှူး ပရင်ညာ ဖူးထိဆက်က ဒီဇင်ဘာ ၂၉ ရက်မှာ  ပြောပါတယ်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မီးလောင်မှုဟာ ဒီဇင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်မှာ စတင်ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီအချိန်က လူပေါင်း ၄၀၀ လောက် အလုပ်လုပ်နေတဲ့ ကာစီနိုရုံမှာ မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ပြည်နယ်ရဲမှူး ဆီသီလိုက ပြောပါတယ်။

29 seconds Ago

November 30, 2022

မိုးကုတ်တွင် ကာစီနိုရုံ ပိုများလာသဖြင့် ဒေသခံများ စိုးရိမ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်တာများလာတာကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နယ်စပ်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ အွန်လိုင်းဂိမ်း၊ ရှမ်းကိုးမီးနဲ့ ငါးပစ်ဂိမ်းတွေကို ဆော့ကစားလို့ရအောင် ကာစီနိုလောင်းကစားရုံတွေမှာ ဖွင့်လှစ်ထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"အခုတောင် နောက်ထပ်အသစ်ဖွင့်ဖို့လုပ်နေကြတယ်တဲ့။ မြဝတီရွှေကုက္ကိုကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ လူငယ်တွေက ဒီမှာပြန်လာဖွင့်ကြတာလို့ ပြောတယ်။ အခုလို လောင်းကစားတွေ ပေါလာရင်တော့ ညခွေးဟောင်ရင်တောင် ထကြည့်ရတော့မလိုဘဲ။ ဟိုရက်ကပဲ ရပ်ကွက်ထဲ ဆိုင်ကယ်တစီး ပျောက်သေးတယ်။" 

အခုလက်ရှိ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှာ ကာစီနို ၁ ရုံ၊ ရွှေကူရပ်ကွက်ထဲမှာ ကာစီနို ၁ ရုံနဲ့ မိုးကုတ်မော်တယ်မှာ ၁ ရုံ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

မိုးကုတ်မော်တယ် ကာစီနိုရုံဟာ ​စစ်ကောင်စီတပ်က စခန်းမှူးကတော်ဖွင့်လှစ်ထားတာဖြစ်ပြီး လာရောက်ဆော့ကစားသူ များပြားတယ်လို့ သိရပါတယ်။

"ကာစီနိုရုံထဲမှာ ဘာပဲလိုချင်ရတယ်၊ မိန်းကလေးတွေလည်းများတယ်၊ ဖဲဝေတာ​တောင် နိုင်ငံခြားဒီဇိုင်းပဲ။ ဘီယာကစရတယ်၊ ခေါက်ဆွဲစားချင် ခေါက်ဆွဲလာပို့ပေးတယ်၊ အချိုရည်လိုလည်းရတယ်၊ ဘာလိုလိုရတယ်။ ပိုက်ဆံတွေဆို ၁ သောင်းတန်တွေပဲ" လို့ ကာစီနိုရုံမှာ သွားရောက်ကစားဖူးသူတဦးက ပြောပါတယ်။

မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာဖွင့်ထားတဲ့ ကာစီနိုရုံမှာ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ မြို့ခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေ နေ့စဥ်လိုလို ခိုးယူခံနေတဲ့အပြင် ခိုးယူသူတွေကိုလည်း ဖမ်းမမိတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။

4 weeks Ago
Up