ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုရုံ မီးလောင်၊ အနည်းဆုံး ၁၀ ဦးသေဆုံး

ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်းက နယ်စပ်မြို့ ပွိုက်ပက်ရှိ Grand Diamond City ကာစီနိုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရသွားတယ်လို့ ဖနွမ်ပင်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ဒဏ်ရာရ ထိုင်းနိုင်ငံသား ၃၂ ဦးကို ထိုင်းနိုင်ငံရှိ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ စာ့ကယောက် ခရိုင်အုပ်ချုပ်ရေးမှူး ပရင်ညာ ဖူးထိဆက်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
ကမ္ဘောဒီးယားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မီးလောင်မှုဟာ ဒီဇင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်မှာ စတင်ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီအချိန်က လူပေါင်း ၄၀၀ လောက် အလုပ်လုပ်နေတဲ့ ကာစီနိုရုံမှာ မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ပြည်နယ်ရဲမှူး ဆီသီလိုက ပြောပါတယ်။