close

ကာဇက်စတန်

close

January 29, 2023

ကာဇက်စတန်မြို့တော် ဘခ်ရှ်ခက်ခ် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ်သတ်မှတ်ခံရ

ကာဇက်စတန်နိုင်ငံရဲ့ မြို့တော်ဘစ်ရှ်ခက်ခ်ဟာ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေး အင်တာနက် စာမျက်နှာ IQ Air ရဲ့ အဆိုအရ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ဇန်နဝါရီ ၂၈ ရက်က အဆင့်သတ်မှတ် ခံလိုက်ရပါတယ်။

မြို့ထဲမှာ လေထုအရည်အသွေး ညွှန်းကိန်းက မတူခြားနားတဲ့ ညစ်ညမ်းမှုတွေနဲ့ အမှုန်အမွှားတွေကို တိုင်းတာ သတ်မှတ်ချက်အရ အမှတ် ၂၂၂ မှာရှိနေတာပါ။ လေထုအရည်အသွေးညွှန်းကိန်း ၃၀၀ ကျော်ရင် အန္တရာယ် ရှိတယ်လို့ သတ်မှတ် ထားပါတယ်။

ဒါပေမဲ့ ဂရင်းနစ်ချ် စံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က ထိပ်ဆုံး နေရာမှာရပ်တည်ပြီး ဘစ်ရှ်ခက်ခ်မြို့ရဲ့ AQI က ၂၂၂ ကနေ ၁၄၇ အထိ ကျဆင်းသွားခဲ့ပါတယ်။

“ဆောင်းရာသီမှာ လေထုညစ်ညမ်းမှုရဲ့ အဓိက အရင်းအမြစ်က ပုဂ္ဂလိက အိမ်တွေပါပဲ။ လူတွေက အိမ်ထဲမှာ နွေးအောင် အရည်အသွေးနိမ့် မီးသွေးတွေကိုသာ သုံးတာ မဟုတ်ဘဲ အဝတ်စ အဟောင်းတွေနဲ့ ကားတာယာ အဟောင်းတွေကိုပါ သုံးနေတယ်”လို့ ဒေသခံ ဂေဟစနစ်ဆိုင်ရာ ပညာရှင် အဂျာ ဘိုင်စာလိုဗာက ပြောပါတယ်။

ဘစ်ရှ်ခက်ခ်မြို့ရဲ့ ညစ်ညမ်းမှုအဆင့်ကို ကြီးကြီးမားမား ထပ်ပေါင်းထည့်နေတာ ကားတွေလို့ သူက ဆက်ပြောပါတယ်။

“လူတွေက သူတို့ တတ်နိုင်သမျှအနေနဲ့ ပိုဟောင်းတဲ့ ကားတွေအတွက် ကွန်ဗာတာ အဟောင်းတွေ ဝယ်သုံးနေကြတယ်။ ဂေဟစနစ်က ဘေးရောက်သွားတာပေါ့”လို့ အစိုးရ လေထု စောင့်ကြည့်ရေး ဌာန အကြီးအကဲ ရှာရှန်ဘက်ခ် အဒိလတ် အူလူက ပြောပါတယ်။

အစွန်းရောက် ညစ်ညမ်းမှုတွေအတွက် ဆွေးနွေးဖို့ ဇန်နဝါရီ အစောပိုင်းက ဘစ်ရှ်ခက်ခ်မြို့တော်ရုံး က အရေးပေါ်အစည်းအဝေးတွေ ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။

ကျောက်မီးသွေးသုံး အပူပေးစနစ်ကို သဘာဝဓာတ်ငွေ့သုံး အပူပေးစနစ်နဲ့ အစားသုံးဖို့ ရေရှည် ဖြေရှင်းနည်းကိုလည်း အဆိုပြုခဲ့ပါတယ်။

3 hours Ago

September 28, 2022

ထွက်ပြေးလာသည့် ရုရှားနိုင်ငံသားများ ထားရှိရေး ကာဇက်စတန် အခက်ကြုံ

ကာဇက်စတန်နိုင်ငံဟာ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေကို ထားရှိဖို့ ရုန်းကန်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့အစိုးရက သူ့ရဲ့နယ်စပ်ကို ပိတ်ဖို့တော့ အစီအစဉ် မရှိပါဘူး။

ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နေချိန်မှာပဲ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အရန်စစ်အင်အားစုဆောင်းမှုကို အမိန့်ထုတ် ကြေညာပြီးကတည်းက နယ်စပ်ကို ဖြတ်ကူးသူ ၁ သိန်းနီးပါးရှိတယ်လို့ ကာဇက်စတန်အစိုးရက ပြောပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံသားတွေ ရုတ်တရက် စုပြုံဝင်ရောက်မှုကြောင့် ကျယ်ပြောပြီး လူနေကျဲပါးတဲ့နိုင်ငံမှာ ဟိုတယ်တွေနဲ့ တည်းခိုဆောင်တွေ လူပြည့်ကုန်ပြီး ငှားရမ်းခတွေလည်း တဟုန်ထိုး တက်လာပါတယ်။

ဒီအခြေအနေကို မော်စကိုနဲ့ ဆွေးနွေးမှာဖြစ်ပြီး စိတ်ရှည်ပြီး သည်းခံဖို့ ကာဇက်သမ္မတက တိုက်တွန်းခဲ့ပါတယ်။

တချို့ကာဇက်လူမျိုးတွေကတော့ ရုရှားနိုင်ငံသား‌တွေ ဝင်ရောက်တာကို ကန့်သတ်ဖို့ သို့မဟုတ် နယ်စပ်ပိတ်ဖို့ တောင်းဆိုထားပါတယ်။

တချို့သူတွေကတော့ ရောက်ရှိလာတဲ့ ရုရှားနိုင်ငံသားတွေအတွက် ကြိုဆိုရေးပွိုင့်တွေ စီစဉ်ထားပေးပြီး သူတို့ကို နေစရာတွေ ကူရှာပေးဖို့ စေတနာ့ဝန်ထမ်းကွန်ရက်တွေကို ထူထောင်ထားပါတယ်။

4 months Ago
Up