ထွက်ပြေးလာသည့် ရုရှားနိုင်ငံသားများ ထားရှိရေး ကာဇက်စတန် အခက်ကြုံ

ကာဇက်စတန်နိုင်ငံဟာ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေကို ထားရှိဖို့ ရုန်းကန်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့အစိုးရက သူ့ရဲ့နယ်စပ်ကို ပိတ်ဖို့တော့ အစီအစဉ် မရှိပါဘူး။
ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နေချိန်မှာပဲ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အရန်စစ်အင်အားစုဆောင်းမှုကို အမိန့်ထုတ် ကြေညာပြီးကတည်းက နယ်စပ်ကို ဖြတ်ကူးသူ ၁ သိန်းနီးပါးရှိတယ်လို့ ကာဇက်စတန်အစိုးရက ပြောပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံသားတွေ ရုတ်တရက် စုပြုံဝင်ရောက်မှုကြောင့် ကျယ်ပြောပြီး လူနေကျဲပါးတဲ့နိုင်ငံမှာ ဟိုတယ်တွေနဲ့ တည်းခိုဆောင်တွေ လူပြည့်ကုန်ပြီး ငှားရမ်းခတွေလည်း တဟုန်ထိုး တက်လာပါတယ်။
ဒီအခြေအနေကို မော်စကိုနဲ့ ဆွေးနွေးမှာဖြစ်ပြီး စိတ်ရှည်ပြီး သည်းခံဖို့ ကာဇက်သမ္မတက တိုက်တွန်းခဲ့ပါတယ်။
တချို့ကာဇက်လူမျိုးတွေကတော့ ရုရှားနိုင်ငံသားတွေ ဝင်ရောက်တာကို ကန့်သတ်ဖို့ သို့မဟုတ် နယ်စပ်ပိတ်ဖို့ တောင်းဆိုထားပါတယ်။
တချို့သူတွေကတော့ ရောက်ရှိလာတဲ့ ရုရှားနိုင်ငံသားတွေအတွက် ကြိုဆိုရေးပွိုင့်တွေ စီစဉ်ထားပေးပြီး သူတို့ကို နေစရာတွေ ကူရှာပေးဖို့ စေတနာ့ဝန်ထမ်းကွန်ရက်တွေကို ထူထောင်ထားပါတယ်။