close

ကာဖူး

close

November 16, 2021

နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ထက် နည်းစနစ်ပိုင်း ပိုမိုထူးချွန်ဟု ကာဖူးပြော

ဘရာဇီးတိုက်စစ်မှူး နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ထက် နည်းစနစ်ပိုင်းမှာ ပိုမိုထူးချွန်သူဖြစ်ပြီး အသင်းကို ဦးဆောင်နိုင်သူ ဖြစ်လာသင့်တယ်လို့  ဘရာဇီး လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ကာဖူးက ပြောပါတယ်။

“နေမာဟာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး ၃ ဦးစာရင်းမှာ  ပါဝင်နေရုံသာမက အဲဒီကစားသမားတွေထက် နည်းစနစ်ပိုင်းမှာ  ပိုမိုထူးချွန်ပြီး ဦးဆောင်သူ ဖြစ်အောင် ကြိုးပမ်းသင့်တယ်။ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့တော့ လေးလေးစားစား ယှဉ်ပြိုင်ဖို့တော့လိုပြီး ပွဲအပေါ် ရာနှုန်းပြည့်အာရုံစိုက်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ နေရာကို ဝင်ရောက်လာမယ့်သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဆုတွေကို သိမ်းပိုက်ရယူမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရပေမဲ့ လက်ရှိအချိန်အထိ ဆုကို ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

9 mins Ago

February 17, 2020

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အာနိုး ရနိုင်ဟု ဘရာဇီးဂန္ထဝင် ကာဖူး သုံးသပ်

လီဗာပူးနောက်ခံလူ အာနိုးဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရနိုင်တယ်လို့ ဘရာဇီး ဂန္ထဝင်နောက်ခံလူ ကာဖူးက သုံးသပ်လိုက်ပါတယ်။  ရိုးမား၊ အေစီမီလန်အသင်းတွေမှာ အောင်မြင်မှုရခဲ့ပြီး ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ညာနောက်ခံလူ ကာဖူးဟာ လက်ရှိအချိန်မှာတော့ အသက် ၄၉ နှစ်ရှိနေပြီ ဖြစ်ပါတယ်။  အာနိုးဟာ အင်္ဂလန်ကစားသမားဖြစ်ပေမယ့် ဘရာဇီးသားတဦးလို ကစားပုံရှိပြီး မိမိရဲ့ ကစားပုံနဲ့လည်း ဆင်တူမှုရှိတယ်လို့ ညာနောက်ခံကစားသမားဟောင်း ကာဖူးက သုံးသပ်ပါတယ်။  အာနိုးအနေနဲ့ လက်ရှိအတိုင်းသာ ခြေစွမ်းတိုးတက်လာမယ်ဆိုရင် တချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရနိုင်ပြီး တိုက်စစ်မှူးတွေပဲ ရနေတဲ့ အစဉ်အလာကို ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့လည်း ကာဖူးက ပြောပါတယ်။ ကာဖူးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း လီဗာပူး နောက်ခံလူဟောင်း ဖလာနဂမ်ကို တောက်ပလာမယ့် ကစားသမားအဖြစ် ချီးကျူးခဲ့ဖူးပါတယ်။  ဒါပေမဲ့ နောက်ခံလူ ဖလာနဂမ်ဟာ လီဗာပူးမှာ အောင်မြင်မှုမရခဲ့ဘဲ စကော့တလန်ကလပ် ရိန်းဂျားအသင်းမှာ ကစားနေပါတယ်။
2 years Ago
Up