နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ထက် နည်းစနစ်ပိုင်း ပိုမိုထူးချွန်ဟု ကာဖူးပြော

ဘရာဇီးတိုက်စစ်မှူး နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ထက် နည်းစနစ်ပိုင်းမှာ ပိုမိုထူးချွန်သူဖြစ်ပြီး အသင်းကို ဦးဆောင်နိုင်သူ ဖြစ်လာသင့်တယ်လို့ ဘရာဇီး လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ကာဖူးက ပြောပါတယ်။
“နေမာဟာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး ၃ ဦးစာရင်းမှာ ပါဝင်နေရုံသာမက အဲဒီကစားသမားတွေထက် နည်းစနစ်ပိုင်းမှာ ပိုမိုထူးချွန်ပြီး ဦးဆောင်သူ ဖြစ်အောင် ကြိုးပမ်းသင့်တယ်။ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့တော့ လေးလေးစားစား ယှဉ်ပြိုင်ဖို့တော့လိုပြီး ပွဲအပေါ် ရာနှုန်းပြည့်အာရုံစိုက်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
အသက် ၂၉ နှစ်ရှိတဲ့ နေမာဟာ မက်ဆီ၊ စီရော်နယ်ဒိုတို့ နေရာကို ဝင်ရောက်လာမယ့်သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဆုတွေကို သိမ်းပိုက်ရယူမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရပေမဲ့ လက်ရှိအချိန်အထိ ဆုကို ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။