close

ကိန်းရုပ်ရှင်ပွဲတော်

close

May 18, 2022

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သည့်ဘက် ရပ်တည်ပေးကြရန် ရုပ်ရှင်လောကသားများကို ယူကရိန်းသမ္မတ တိုက်တွန်း

ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဒီနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်က စတင်ကျင်းပခဲ့ပြီး ယူကရိန်းသမ္မတ ဇလန်းစကီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်လောကသားတွေကတဆင့် စစ်ဆန့်ကျင်တဲ့အသံတွေ ကျယ်လောင်လာဖို့ လိုတယ်လို့ ပြောပါတယ်။ သူတို့အတွက် ခေတ်သစ် ချာလီ ချက်ပလင် လိုပြီး ရုပ်ရှင်လောကဟာ နှုတ်ဆိတ်မနေဘူးဆိုတာကို သက်သေပြဖို့လိုကြောင်း ပြောသွားပါတယ်။

ချာလီ ချက်ပလင်ဟာ ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ် စစ်ကြိုကာလကတည်းက အဒေ့ါဖ် ဟစ်တလာကို သရော်ခဲ့တဲ့ အနုပညာရှင် ဖြစ်ပါတယ်။

ဒီလို ဇာတ်သိမ်းမျိုးဖြစ်ဖို့ ရုပ်ရှင်လောကဟာ အရေးကြီးပြီး ရုပ်ရှင်လောကဟာ ဘယ်အချိန်မှာမဆို လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ဘက်က ရပ်တည်ပေးကြဖို့ လိုတယ်လို့ ပြောပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်က စတင်ပြီး ရုပ်ရှင်လောကသားတွေ၊ ထင်ရှားကျော်ကြားသူတွေ တက်ရောက်နေကြပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်ဟာ ၅၇ ကြိမ်မြောက် စိန်ရတုပွဲတော်ဖြစ်လို့ အရင်နှစ်တွေကထက် ခမ်းနားပါတယ်။ တွန်ခရုစ်ရဲ့ Top Gun: Maverick ရုပ်ရှင်၊ သြစတြေးလျ ဒါရိုက်တာ Baz Luhrmann ရဲ့ မြူးဇစ်ဒရမ်မာရုပ်ရှင် "Elvis" တို့ကိုလည်း ပြသတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

2 mins Ago

December 3, 2019

ကိန်းရုပ်ရှင်ပွဲတော် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုရ သိပ္ပံဆန်းကြယ်လျှို့ဝှက်ဒရာမာ ရုပ်ရှင်- Little Joe (နမူနာ)

ထူးထူးခြားခြား Sci-fi Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Little Joe ကို အမေရိကန်နိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်ပြီးတော့ ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဩစတီးယန်းအမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Jessica Hausner က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Magnolia Pictures နဲ့ Magnet Releasing တို့က ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ အပင်မျိုးဗီဇပညာရှင်တယောက်ဖြစ်တဲ့ Alice ဟာ Single Mother တယောက် ဖြစ်ပြီး သူ့ရဲ့သားဖြစ်တဲ့ Joe နဲ့အတူ နေထိုင်ပါတယ်။ Alice တို့ လက်ရှိ လုပ်ဆောင်နေတဲ့ ပရောဂျက်မှာတော့ အပင်မျိုးစိတ်သစ်တခုကို ဖန်တီးနေကြပြီး ဒါက လူသားတွေကို ပျော်ရွှင်မှုပေးနိုင်သလို ဆေးပညာကုထုံးတွေမှာပါ အသုံးတည့်စေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တနေ့မှာတော့ သူက ပေါ်လစီကို ချိုးဖောက်ပြီး အဲဒီအပင်တွေထဲက တပင်ကို သူ့သား လေး Joe အတွက် လက်ဆောင်ပေးဖို့ ယူလာခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒီအပင်က တကယ်ရော အန္တရာယ်ကင်းရဲ့လား၊ ဘယ်လို မျှော်လင့်မထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Emily Beecham ၊ Ben Whishaw တို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ Kerry Fox ၊ Kit Connor ၊ David Wilmot စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒီရုပ်ရှင်ကိုတော့ Not Rated-NR အဆင့် သတ်မှတ်ထားပြီး IMDb မှာတော့ Rating 6.1 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ ပြီးခဲ့တဲ့ မေလကတည်းက ပြသခဲ့တာဖြစ်ပြီး သရုပ်ဆောင်မင်းသမီး Emily Beecham က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိထားတာ ဖြစ်ပါတယ်။
2 years Ago
Up