close

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သည့်ဘက် ရပ်တည်ပေးကြရန် ရုပ်ရှင်လောကသားများကို ယူကရိန်းသမ္မတ တိုက်တွန်း

ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ဒီနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်က စတင်ကျင်းပခဲ့ပြီး ယူကရိန်းသမ္မတ ဇလန်းစကီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်လောကသားတွေကတဆင့် စစ်ဆန့်ကျင်တဲ့အသံတွေ ကျယ်လောင်လာဖို့ လိုတယ်လို့ ပြောပါတယ်။ သူတို့အတွက် ခေတ်သစ် ချာလီ ချက်ပလင် လိုပြီး ရုပ်ရှင်လောကဟာ နှုတ်ဆိတ်မနေဘူးဆိုတာကို သက်သေပြဖို့လိုကြောင်း ပြောသွားပါတယ်။

ချာလီ ချက်ပလင်ဟာ ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ် စစ်ကြိုကာလကတည်းက အဒေ့ါဖ် ဟစ်တလာကို သရော်ခဲ့တဲ့ အနုပညာရှင် ဖြစ်ပါတယ်။

ဒီလို ဇာတ်သိမ်းမျိုးဖြစ်ဖို့ ရုပ်ရှင်လောကဟာ အရေးကြီးပြီး ရုပ်ရှင်လောကဟာ ဘယ်အချိန်မှာမဆို လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ဘက်က ရပ်တည်ပေးကြဖို့ လိုတယ်လို့ ပြောပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်က စတင်ပြီး ရုပ်ရှင်လောကသားတွေ၊ ထင်ရှားကျော်ကြားသူတွေ တက်ရောက်နေကြပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၇ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်ဟာ ၅၇ ကြိမ်မြောက် စိန်ရတုပွဲတော်ဖြစ်လို့ အရင်နှစ်တွေကထက် ခမ်းနားပါတယ်။ တွန်ခရုစ်ရဲ့ Top Gun: Maverick ရုပ်ရှင်၊ သြစတြေးလျ ဒါရိုက်တာ Baz Luhrmann ရဲ့ မြူးဇစ်ဒရမ်မာရုပ်ရှင် "Elvis" တို့ကိုလည်း ပြသတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

//
Up