close

ကိယက်ဗ်မြို့တော်

close

November 24, 2022

ကိယက်ဗ်မြို့တော်ကို ရုရှားဒုံးကျည်ထိမှန်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

ရုရှားဒုံးကျည်တွေ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ ဆင်ခြေဖုံးက  ဗိုက်ရှ်ဟိုးရော့ဒ်မြို့ကို နိုဝင်ဘာ ၂၃ ရက်က ထိမှန်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်အတော်များများ ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်ပြီး တနာရီကျော်အကြာမှာ ငါးထပ်အဆောက်အဦရဲ့ အပေါ်ဆုံးထပ်ထိ မီးတောက်တွေ လောင်ကျွမ်းသွားပါတယ်။

ဒေသခံတယောက်က ဒုံးကျည်ထိမှန် မီးလောင်ထားတဲ့ အဆောက်အဦထဲကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

လူသန်းပေါင်းများစွာ နေထိုင်တဲ့ ကိယက်ဗ်ဒေသတခုလုံး လျှပ်စစ်မီး လုံးဝပြတ်တောက်နေပြီး ရေပေးဝေတဲ့စနစ်လည်း ဆိုးဆိုးရွားရွား ပြတ်တောက်သွားတယ်လို့ မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာလည်း အလားတူပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။

9 mins Ago

April 7, 2022

ယူကရိန်းစစ်ပွဲ ကြာနိုင်ဟု နေတိုးအကြီးအကဲပြော

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်က ယူကရိန်းစစ်ပွဲ အချိန်ကာလ ကြာရှည်နိုင်ကြောင်း သတိပေးလိုက်ပြီး အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေကို စစ်ရေးဟန့်တားနိုင်စွမ်း တိုးမြှင့်ထားဖို့ တောင်းဆိုလိုက်ပါတယ်။

“ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ သူ့ရည်ရွယ်ချက်ကို လုံးဝ ပြောင်းမယ့်ပုံ မရှိပါဘူး။ သူက နိုင်ငံတကာအစီအစဉ် ပုံစံသစ် ရေးဆွဲလိုနေတာပါ။ ဒါကြောင့် ကျနော်တို့ အဖွဲ့ဝင်တွေ ရေရှည်အတွက် ပြင်ဆင်ထားဖို့ လိုအပ်မယ်” လို့ သူက ဧပြီ ၆ ရက် ဘရပ်ဆဲလ်မြို့ နေတိုး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောလိုက်တာပါ။

စတိုလ်တန်ဘာ့ဂ်က ဘူချာမြို့ အပါအဝင် ယူကရိန်းမြို့တွေမှာ ကျူးလွန်သတ်ဖြတ်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

အစည်းအဝေး လာတက်တဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်းကလည်း ယူကရိန်းမှာ သတ်ဖြတ်မှုတွေအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုနဲ့ အချက်အလက် ရှာဖွေမှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။

ရုရှားတပ်တွေ ကိယက်ဗ်မြို့တော် အနီးဝန်းကျင် မြို့တွေကနေ ပြန်ဆုတ်ခွာသွားစဉ် အရပ်သား များစွာကို သတ်ဖြတ်ခဲ့တာပါ။ အနောက်အုပ်စုက အရပ်သားတွေ သေဆုံးမှုဟာ စစ်ရာဇဝတ်မှုအတွက် သက်သေအထောက်အထားတွေလို့ ပြောပါတယ်။

8 months Ago
Up