ကိယက်ဗ်မြို့တော်ကို ရုရှားဒုံးကျည်ထိမှန်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

ရုရှားဒုံးကျည်တွေ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ ဆင်ခြေဖုံးက ဗိုက်ရှ်ဟိုးရော့ဒ်မြို့ကို နိုဝင်ဘာ ၂၃ ရက်က ထိမှန်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်အတော်များများ ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်ပြီး တနာရီကျော်အကြာမှာ ငါးထပ်အဆောက်အဦရဲ့ အပေါ်ဆုံးထပ်ထိ မီးတောက်တွေ လောင်ကျွမ်းသွားပါတယ်။
ဒေသခံတယောက်က ဒုံးကျည်ထိမှန် မီးလောင်ထားတဲ့ အဆောက်အဦထဲကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
လူသန်းပေါင်းများစွာ နေထိုင်တဲ့ ကိယက်ဗ်ဒေသတခုလုံး လျှပ်စစ်မီး လုံးဝပြတ်တောက်နေပြီး ရေပေးဝေတဲ့စနစ်လည်း ဆိုးဆိုးရွားရွား ပြတ်တောက်သွားတယ်လို့ မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာလည်း အလားတူပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။