close

ကိယက်ဗ်

close

May 5, 2023

ရုရှား ကာမီကာဇေဒရုန်း ၁၈ စင်းကို ယူကရိန်းပစ်ချ

ရုရှားကပစ်လွှတ်ခဲ့တဲ့ ကာမီကာဇေဒရုန်း ၂၄ စင်းအနက် ၁၈ စင်းကို ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်တွေက မေလ ၄ ရက်မှာ ပစ်ချခဲ့ပါတယ်။

လေးရက်အတွင်း တတိယအကြိမ်မြောက် ယူကရိန်းမြို့တော်ကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်အုပ်ချုပ်ရေးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ရုရှားတွေဟာ ပဲ့ထိန်းဒုံးကျည်အမျိုးအစား ဖြစ်နိုင်တဲ့ ရှဟိဒ်ခဲယမ်းတွေနဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး ကိယက်ဗ်မြို့တော်ကို တိုက်ခိုက်ခဲ့ပါတယ်” လို့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပင်လယ်နက်ကမ်းရိုးတန်းမြို့ သြဒက်ဇာမြို့ကို ရှဟိဒ် ကာမီကာဇေ မောင်းသူမဲ့လေယာဉ် ၁၅ စင်း ပစ်ခတ်ခဲ့ရာမှာ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့ကြောင့် ၁၂ စင်း ပျက်စီးခဲ့ပြီး ၃ စီးဟာ တက္ကသိုလ်ဝင်းအတွင်း ထိမှန်ခဲ့ပါတယ်။ အသေအပျောက်မရှိခဲ့ဘူးလို့ ယူကရိန်း တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

ရုရှားဟာ မနှစ် အောက်တိုဘာလကတည်းက ယူကရိန်းကို ပုံမှန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ခဲ့ပါတယ်။

ခါဆွန်မြို့ကို ရုရှားက တိုက်ခိုက်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောကြားပြီးနောက် ၂၄ နာရီအတွင်း နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

12 mins Ago

February 21, 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိယက်ဗ်မြို့တော်ကိုသွားရောက်စဉ် ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ စစ်ရေးကူညီမည်ဟု ကတိပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကြိုမကြေညာဘဲ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ဖေဖော်ဝါရီ ၂၀ ရက်က သွားရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲ ကြာရင် ကြာသလောက် အတူရပ်တည်မယ်လို့ ကတိပြုရင်း ရောက်လာပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်မှု တနှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ  ဘိုင်ဒင်ဟာ ကိယက်ဗ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၅၀၀ တန် စစ်ရေးအကူအညီအသစ်ကို ကတိပြုခဲ့ကာ ရုရှားအထက်တန်းလွှာတွေနဲ့ ကုမ္ပဏီတွေကို အခုသီတင်းပတ်အတွင်း ပိတ်ဆို့အရေးယူတာတွေ ထပ်ကြေညာမယ်လို့ ပြောခဲ့ပါတယ်။

လေတပ်နေကာမျက်မှန်တပ်ထားတဲ့ အမေရိကန်သမ္မတနဲ့ စစ်ဝတ်စုံ အစိမ်းရောင် ဝတ်ထားတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ဟာ လေကြောင်းကနေ ဝင်ရောက်စီးနင်းကြောင်း အချက်ပေးဥသြသံတွေကြား တောက်ပတဲ့ ဆောင်းရာသီမနက်ခင်းမှာ ရွှေအမိုးခုံးနဲ့ ဆင်ယင်ထားတဲ့ ဘုရားရှိခိုးကျောင်းဆီ ဘေးချင်းယှဉ်လျက် လမ်းလျှောက်ခဲ့ကြပါတယ်။

ဘိုင်ဒင်ကိယက်ဗ်မြို့မှာ ရှိနေချိန် ကိယက်ဗ်မြို့ကို တိုက်ခိုက်မယ့် အန္တရာယ်ကို ရှောင်ဖို့ ဘိုင်ဒင် ထွက်မလာခင်တည်းက ရုရှားကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အခုခရီးစဉ်ဟာ ဇန်နဝါရီ ၂၁ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် မိန့်ခွန်းမပြောမီ တရက်အလိုမှာ ကြိုထွက်လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

2 months Ago
Up