ဘရိုက်တန်အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တဲ့ ကွင်းလယ်လူ ကိုင်စီဒိုရဲ့ လုပ်ရပ်အပေါ် အီကွေဒေါအသင်းဖော် အန်နာဗလင်စီယာက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ကိုင်စီဒိုကို အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေအပေါ် ဘရိုက်တန်ဘက်က ပယ်ချခဲ့ပြီးနောက် အခွင့်အရေးရလာချိန်မှာ အသင်းဘက်က ထွက်ခွာခွင့်ပေးဖို့နဲ့ ပရိသတ်တွေအနေနဲ့လည်း နားလည်မှုပေးကြဖို့ ကိုင်စီဒိုက ဆိုရှယ်မီဒီယာကနေ တရားဝင် တောင်းဆိုခဲ့တာပါ။
ကိုင်စီဒိုနဲ့သာ ပြောဆိုခွင့်ရခဲ့မယ်ဆိုရင် ထွက်ခွာခွင့်တောင်းဆိုတဲ့စာကို အင်စတာဂရမ် အကောင့်မှာ မတင်ဖို့ တားမြစ်မိမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အသင်းကနေ ထွက်ချင်တယ်ဆိုရင် အသင်းတာဝန်ရှိသူတွေနဲ့သာ တွေ့ဆုံဆွေးနွေးခဲ့သင့်ကြောင်း အန်နာဗလင်စီယာက ပြောပါတယ်။
ကိုင်စီဒိုဟာ အဲဒီလို ထွက်ခွာခွင့်တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှ အသင်းနဲ့ ပူးပေါင်းဖို့ ဘရိုက်တန်က ဒဏ်ရိုက်ခဲ့ပါတယ်။
ကိုင်စီဒိုအတွက် အာဆင်နယ်အသင်းက ပေါင်သန်း ၆၀ နဲ့ တကြိမ်၊ ပေါင်သန်း ၇၀ နဲ့ တကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ ဘရိုက်တန်ဘက်က ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့တဲ့ ကိုင်စီဒိုကို ဘရိုက်တန်အသင်းက လေ့ကျင့်ခန်းဆင်းခွင့်ပိတ် ပင်ခဲ့ပါတယ်။
အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုကို အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်အသင်းက ပယ်ချခဲ့တာပါ။
ကိုင်စီဒိုဟာ ထိပ်တန်းအသင်း နှစ်သင်းရဲ့ ကမ်းလှမ်းချက်တွေကို အသင်းဘက်က လက်မခံခဲ့တဲ့အပေါ် အင်စတာဂရမ်ကနေတဆင့် တရားဝင် ပြောင်းရွှေ့ခွင့်တောင်းခံခဲ့ပါတယ်။
ဘရိုက်တန်အတွက်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခံခဲ့ရတဲ့အပါ် ဂုဏ်ယူမိပြီး အဲဒီငွေကြေးတွေနဲ့ အသင်းကို ပြန်လည်ပြင်ဆင်မှုတွေလုပ် ဆောင်နိုင်ကြောင်း၊ အခွင့်အရေးကောင်းရလာချိန်မှာ ရယူချင်တဲ့အပေါ် အသင်းပရိသတ် တွေ ကလည်းနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုင်စီဒိုက အင်စတာဂရမ်မှာရေးသားခဲ့တာပါ။
အဲဒီအပေါ် ဘရိုက်တန်အသင်းက အရေးယူတဲ့အနေနဲ့ အပြောင်းအရွှေ့ကာပိတ်သိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်အထိ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ကြောင်း ကြေညာချက်ထုတ်ခဲ့တာပါ။
အာဆင်နယ်ဟာ ကိုင်စီဒိုအတွက် ပေါင်သန်း ၆၀ နဲ့ ထပ်ဆောင်းပြောင်းရွှေ့ကြေးပေါင် ၁၀ သန်း စုစုပေါင်း သန်း ၇၀ အထိပေးခဲ့ပေမယ့် ဘရိုက်တန်ဘက်က ပေါင်သန်း ၈၀ ရမှ လက်ခံစဉ်းစားနိုင် တယ်လို့သိရပါတယ်။