close

ထွက်ခွာခွင့်တောင်းဆိုခဲ့သည့် ကိုင်စီဒိုကို အသင်းဖော် အန်နာဗလင်စီယာ အပြစ်တင်

ဘရိုက်တန်အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တဲ့ ကွင်းလယ်လူ ကိုင်စီဒိုရဲ့ လုပ်ရပ်အပေါ် အီကွေဒေါအသင်းဖော် အန်နာဗလင်စီယာက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ကိုင်စီဒိုကို အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေအပေါ် ဘရိုက်တန်ဘက်က ပယ်ချခဲ့ပြီးနောက် အခွင့်အရေးရလာချိန်မှာ အသင်းဘက်က ထွက်ခွာခွင့်ပေးဖို့နဲ့ ပရိသတ်တွေအနေနဲ့လည်း နားလည်မှုပေးကြဖို့ ကိုင်စီဒိုက ဆိုရှယ်မီဒီယာကနေ တရားဝင် တောင်းဆိုခဲ့တာပါ။

ကိုင်စီဒိုနဲ့သာ ပြောဆိုခွင့်ရခဲ့မယ်ဆိုရင် ထွက်ခွာခွင့်တောင်းဆိုတဲ့စာကို အင်စတာဂရမ် အကောင့်မှာ မတင်ဖို့ တားမြစ်မိမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အသင်းကနေ ထွက်ချင်တယ်ဆိုရင် အသင်းတာဝန်ရှိသူတွေနဲ့သာ တွေ့ဆုံဆွေးနွေးခဲ့သင့်ကြောင်း အန်နာဗလင်စီယာက ပြောပါတယ်။

ကိုင်စီဒိုဟာ အဲဒီလို ထွက်ခွာခွင့်တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှ အသင်းနဲ့ ပူးပေါင်းဖို့ ဘရိုက်တန်က ဒဏ်ရိုက်ခဲ့ပါတယ်။

ကိုင်စီဒိုအတွက် အာဆင်နယ်အသင်းက ပေါင်သန်း ၆၀ နဲ့ တကြိမ်၊ ပေါင်သန်း ၇၀ နဲ့ တကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ ဘရိုက်တန်ဘက်က ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Up