close

ကိုဗစ်အတည်ပြုလူနာ ၅ ဦး

close

July 8, 2021

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၅၀ နီးပါးရှိလာ

မွန်ပြည်နယ်မှာ ဇူလိုင် ၈ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၅ ဦးထိ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅၀ နီးပါးရှိလာပြီလို့ ကိုဗစ်အရေးကူညီနေသူတွေက DVB ကို ပြောပါတယ်။

သေဆုံးသူတွေမှာတော့ မော်လမြိုင်က ၃ ဦး၊ ကျိုက်မရောနဲ့ ဘုရားသုံးဆူမြို့နယ်က ၁ ဦးစီ စုစုပေါင်း ၅ ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုအရ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းထိ သေဆုံးသူ ၄၈ ဦးထိ ရှိလာခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ ဆီးချို၊ သွေးတိုးနဲ့ ပင်ကိုယ်ရောဂါ အခံရှိတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီ လက်အေကာက်ခံ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက DVB ကို ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၈၀၀ ကျော်ထိ  ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၄၈ ဦး သေဆုံးထားပါတယ်။

8 mins Ago

September 26, 2020

မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုး၊ ရန်ကုန်ပြန် ၂ ဦး ပါဝင်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ကျိုက်ထိုမြို့နယ်က ၂ ဦး၊ ဘီးလင်းမြို့နယ် ၂ ဦးနဲ့ မုဒုံမြို့နယ် ၁ ဦး စုစုပေါင်း ၅ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာမြို့နယ်တွေက quarantine camp တွေမှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ အဲဒီအတည်ပြု လူနာ ၅ ဦးမှာ ၂ ဦးကတော့ ရန်ကုန်ပြန်လာသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသမှု ပေးနေပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက DVB ကို ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ အခုအခါ စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၂၂ ဦးအထိ ရှိလာခဲ့တာပါ။
9 months Ago
Up