မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၅၀ နီးပါးရှိလာ



မွန်ပြည်နယ်မှာ ဇူလိုင် ၈ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၅ ဦးထိ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅၀ နီးပါးရှိလာပြီလို့ ကိုဗစ်အရေးကူညီနေသူတွေက DVB ကို ပြောပါတယ်။
သေဆုံးသူတွေမှာတော့ မော်လမြိုင်က ၃ ဦး၊ ကျိုက်မရောနဲ့ ဘုရားသုံးဆူမြို့နယ်က ၁ ဦးစီ စုစုပေါင်း ၅ ဦး ထပ်မံ သေဆုံးခဲ့တာပါ။
ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုအရ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းထိ သေဆုံးသူ ၄၈ ဦးထိ ရှိလာခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ ဆီးချို၊ သွေးတိုးနဲ့ ပင်ကိုယ်ရောဂါ အခံရှိတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီ လက်အေကာက်ခံ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက DVB ကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၈၀၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၄၈ ဦး သေဆုံးထားပါတယ်။