close

ကိုမျိုးသူရအောင်

close

December 28, 2022

မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကိုမျိုးသူရအောင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီ တရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ကိုမျိုးသူရအောင်ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ၅ လကျော်ကြာ ချုပ်နှောင်ထားခဲ့ရာက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ကာ မနေ့က ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ကိုမျိုးသူရအောင်ဟာ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မှတ်တမ်းနဲ့ သုတေသန တာဝန်ခံဟောင်းတဦးလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အခုအချိန်အထိ စစ်တပ်အာဏာသိမ်းကာလအတွင်း မော်လမြိုင်တက္ကသိုလ်က ကိုမျိုးသူရ‌ေအာင် အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၈ ဦး ဖမ်းဆီးခံထားရတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သုတေသနကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါစာရင်းထက် လက်တွေ့ မြေပြင်မှာရှိတဲ့ ဖမ်းဆီးခံအရေအတွက်က ပိုများပြားနိုင်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။

10 mins Ago

July 5, 2022

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံဟောင်း ဖမ်းဆီးခံရ

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မှတ်တမ်းနဲ့ သုတေသနတာဝန်ခံဟောင်း ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက်မှာ မော်လမြိုင်ရှိ သူ့နေအိမ်မှာ ဖမ်းဆီသွားတယ်လို့ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူးလို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုမျိုးသူရအောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံ ကိုမျိူးသူရအောင်ကို စစ်ကောင်စီတပ် စစ်ကြောရေးကို ပို့ဆောင်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကျောင်းသူ၊ကျောင်းသား ၃၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ဘူမိဗေဒ ကျောင်းသား ကိုထက်ဝေထူးဟာ စစ်တပ် လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာ စပ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ ၅၀၀ နီးပါး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

6 months Ago
Up